Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် မတရား ဖမ်းဆီးခံရသူ ၂၅၀ ကျော် ပြန်လွတ်
DVB
·
October 19, 2021
rrryy
rrr
245661099_1725982621065999_4938469292324325577_n
245388112_1725982691065992_4218498082843256698_n
245188466_1725982587732669_8029223941989939115_n
245094795_1725982657732662_4172088082770949209_n
245076979_1725982547732673_5332044944638873736_n

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံနေရသူနဲ့ အမှုရင်ဆိုင်နေရသူပေါင်း ၂၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦး၊ အမှုရင်ဆိုင်နေရသူ ၂၁၆ ဦး ၊ စုစုပေါင်း ၂၅၁ ဦးကို အောက်တိုဘာ ၁၈ ရက်နဲ့  ၁၉ ရက် နှစ်ရက်ခွဲပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လည် လွတ်မြောက်လာသူတွေဟာ သထုံအကျဉ်းထောင်နဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြန်လွှတ်ပေးတဲ့ သူတွေထဲမှာတော့ ဆန္ဒပြပွဲဦးဆောင်သူတွေ၊ တက္ကသိုလ်ကျောင်းသူ၊ကျောင်သားတွေ၊ NLD ပါတီဝင်တွေနဲ့ NLD ပါတီ ထောက်ခံသူတွေ ပါဝင်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်တော့ ပြစ်ဒဏ်ကျခံခဲ့ရသူတွေအနေနဲ့ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ပေမယ့် နောက်တစ်ကြိမ် ပြစ်မှု ကျူးလွန်ပါက အဲ့ဒီပြစ်ဒဏ်အပြင် ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ကျခံရမယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အာဆီယံ ဖိအားကြောင့် နိုင်ငံတဝန်းက ပုဒ်မ ၅၀၅(က)နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင် နေရသူ ၄၃၂၀ ဦးကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး ပြန်လွတ်လာသူတွေ ပြန်အဖမ်းခံရတာလည်းရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024