Saturday, June 3, 2023
HomeLead Storyဆီလျှော့စားကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် တိုက်တွန်း

ဆီလျှော့စားကြရန် အာဏာသိမ်း စစ်ခေါင်းဆောင် တိုက်တွန်း

မြန်မာနိုင်ငံမှာ ဆီစားသုံးမှု လွန်စွာများပြားနေတာကြောင့် ဆီစားသုံးမှုကို လျှော့ချ ပြီး ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ  ၁၈ ရက်က သီတင်းကျွတ်အခါသမယ အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။ 

“မြန်မာနိုင်ငံမှာ ဆီထွက် သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုတ်၊ နေကြာ၊ ဆီအုန်းစိုက်ပျိုးမှု တွေရှိပြီးတော့မှ ထုတ်လုပ်မှုလည်းရှိပါတယ်၊ ဒါတွေနဲ့သာ ပေါင်းစပ်မယ်ဆိုရင် ဆီစားသုံးမှုဟာ အတော်များနေတယ်လို့ ကျွန်တော် ပြောရမှာ ဖြစ်ပါတယ်၊ ဒီအတွက် ဆီစားသုံးမှုလျှော့ချခြင်းအားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုမှာဖြစ်သလို ပြည်ပကနေ ဆီ ဝယ်ယူမှုအတွက် သုံးစွဲနေရတဲ့ နိုင်ငံခြားငွေလည်း များစွာလျှော့ချနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများ အနေနဲ့ ဆီစားသုံးမှုကို ကျန်းမာရေးအမြင်အရသော် လည်းကောင်း၊ နိုင်ငံရဲ့ လိုအပ်ချက်အရသော်လည်းကောင်း ဒါကို ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံး နိုင်ဖို့အတွက်လည်း ကျွန်တော်မေတ္တာ ရပ်ခံလိုပါတယ်။”လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောပါတယ်။ 

လူတစ်ယောက်ကို ၆ ပိဿာနှုန်းနဲ့ စားမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက်ဟာ တန်ချိန် ၅ သိန်း၊  ၇ ပိဿာနှုန်းနဲ့စားမယ်ဆိုရင် ဆီလိုအပ်ချက် ၅ ဒသမ ၈ သိန်း၊  ၈ ပိဿာနဲ့စားမယ်ဆိုရင် ဆီလိုအပ်ချက် ၆ ဒသမ ၆ သိန်းရှိမှာဖြစ်ပြီး အခု ၈ သိန်းကျော်သွင်းထားတဲ့အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စွာမှများပြားနေတယ်လို့ လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်းမှာ ပြည်ပကနေ စားအုန်းဆီတန်ချိန် ၈ သိန်းကျော်တင်သွင်းခဲ့ရပြီး အမေရိကန်ဒေါ် လာအားဖြင့် သန်းပေါင်း ၈၃၀ ကျော်တန်ဖိုးရှိတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular