စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင် အောက်တိုဘာ ၁၈ ရက် ဒီကနေ့ ပြန်လည် လွတ်မြောက်လာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ ပြစ်ဒဏ်ချပြီးသား အကျဉ်းသား ၁၃၁၆ ဦးနဲ့ တရားစွဲခံထားရသူ အယောက် ၄၃၂၀ ကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက် အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာတာပါ။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းဒန်နဲ့ ခရိုင်ဥက္ကဋ္ဌ ဒေါက်တာစောညိုဝင်းတို့ကတော့ ပြန်လည် လွတ်မြောက်လာတာ မရှိသေးပါဘူး။
အခုလွတ်ငြိမ်းသက်သာခွင့်မှာပါဝင်တဲ့စည်းကမ်းချက်အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ခဲ့ရင် အဲဒီ ပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။