Home
မြန်မာသတင်း
ဖျာပုံတွင် Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် ဒေသခံလူငယ် ၃၀ ကျော် ဖမ်းဆီးခံရ
DVB
·
October 18, 2021
244567514_1205354029948938_4648690093270740830_n

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်မှာ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် ဗုံးခွဲ ဖျက်ဆီးခံရပြီးနောက်ပိုင်း ဒေသခံလူငယ် အယောက်  ၃၀ ကျော်ကို စစ်အုပ်စုက အောက်တိုဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းက  ဖမ်းဆီးခဲ့ပါတယ်။ 

စစ်သားတွေနဲ့ ရဲတွေရောက်လာပြီး ဒေသခံလူငယ် ၃၀ လောက်ကိုဖမ်းဆီးခဲ့တဲ့အပြင် အန်အယ်လ်ဒီ ပါတီအလုပ်မှုဆောင်တဦးရဲ့ နေအိမ်ကိုလည်း ဝင်မွှေကာ မိသားစုဝင်တွေကို ဖမ်းဆီးသွားတယ်လို့   ဒေသခံတွေက ပြောပါတယ်။

“တာဝါတိုင်ဗုံးပေါက်ပြီးမှ ရောက်လာတာ လူငယ်တွေကို ရှာဖမ်းသွားတာ။ ပြီးတော့ အန်အယ်လ်ဒီ ပါတီက အလုပ်မှုဆောင်နေအိမ်လည်း ဝင်မွှေသွားသေးတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဖမ်းဆီးသွားတဲ့ လူငယ် ၃၀ ကျော်ကို လက်ရှိအချိန်မှာ ဖျာပုံမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထားပြီး ရိုက်နှက် စစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ဝါးခယ်မြို့နယ်၊ ရွှေလောင်းမြို့မှာလည်း အောက်တိုဘာ ၁၆ ရက်က စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲပြီး နောက်ပိုင်း အသက် ၂၀ အရွယ် အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024