စေတုတ္တရာတွင် မိုးအဆက်မပြတ်ရွာသဖြင့် ရိုးချောင်းတံတား ပျက်စီး

မကွေးတိုင်း စေတုတ္တရာမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက်က မိုးအဆက်မပြတ် ရွာသွန်းတာ ကြောင့် ရိုးချောင်းတံတား ချည်းကပ်လမ်းပြိုကျ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။

ငဖဲ-စေတုတ္တရာလမ်း မိုင်တိုင် ၄၁ နဲ့ ၄၂ ကြားမှာရှိတဲ့ သစ်မြစ်ချောင်းကို ဖောက်ထားတဲ့ ရိုးချောင်း တံတား ချည်းကမ်လမ်း ပြိုကျပျက်စီးခဲ့တာပါ။

တံတားအခြေနေမှာ ဆိုးရွားပြီး ဆိုင်ကယ်သာ မောင်းလို့ရပေမဲ့ ကားကြီးတွေ သွားလို့မရတော့တာ ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့  ဂရုတစ်စိုက် သွားလာကြဖို့လို အပ်တယ်လို့ ဆိုပါတယ်။ 

ရိုးချောင်းတံတားပြိုကျ ပျက်စီးတဲ့နေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ မြို့နယ်စစ်ကောင်စီအဖွဲ့ ရောက်လာပြီး အမြန်ဆုံးပြုပြင်ပေးမယ်ဆိုတာ ပြောသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရိုးချောင်းတံတားဟာ ငဖဲနဲ့ စေတုတ္တရာမြို့ကို ဆက်သွယ်ထားတဲ့လမ်းမပေါ်မှာ ရှိတာကြောင့် ပြည်သူတွေအတွက် မရှိမဖြစ် အရေးပါတဲ့ တံတားတစ်စင်းဖြစ်လို့ အမြန်ဆုံး ပြုပြင်ပေးစေလို တယ်လို့ ဆိုပါတယ်။

More News
Up