နည်းပြရာထူးကိစ္စ အသင်းပိုင်ရှင် ဆုံးဖြတ်လိမ့်မည်ဟု နယူးကာဆယ်နည်းပြပြော

နည်းပြရာထူးနဲ့ ပတ်သက်လို့ ကိုယ်တိုင်ဆုံးဖြတ်လို့မရဘဲ အသင်းပိုင်ရှင်တွေကသာ ဆုံးဖြတ်ပေး လိမ့်မယ်လို့ နယူးကာဆယ်နည်းပြ စတိဘရုက ပြောပါတယ်။
နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ အဖွဲ့ကဝယ်ယူပြီးနောက် ပထမဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ပွဲစဉ် ၈ အပြီးမှာ ၃ ပွဲသရေ ၅ ပွဲရှုံးနိမ့်ခဲ့တာကြောင့် နည်းပြစတိဘရုရဲ့ ရာထူး ဟာလည်း မတည်မငြိမ်ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ ၇ ပွဲ၊ ၈ ပွဲ ကစားပြီးတဲ့အထိ နိုင်ပွဲမရဖြစ်နေမယ်ဆိုရင် နည်းပြတိုင်းမှာ ဖိအားရှိမှာဖြစ်ပြီး ရလဒ်ကောင်းရဖို့ပဲ အာရုံစိုက်သွားမယ်လို့ နည်းပြစတိဘရုက ပြောပါတယ်။
အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းက တခြားသူတွေကသာ ဆုံးဖြတ်နိုင်ကြောင်း၊ အသင်းပိုင်ရှင်သစ်တွေဘက်ကတော့ လေးစားမှုအပြည့်အဝရှိကြောင်း ဆိုပါတယ်။
ရောမမြို့ကို တစ်နေ့တည်းနဲ့ မတည်ဆောက်နိုင်သလို နယူးကာဆယ်အသင်းဟာလည်း အချိန်တိုအတွင်းမှာ တောင့်တင်းတဲ့အသင်း မဖြစ်နိုင်သေးဘူးလို့ နည်းပြစတိဘရုက သုံးသပ်ခဲ့ပါတယ်။