Home
မြန်မာသတင်း
ရေစကြိုမြို့တွင် မိုင်တဲလ်တာဝါတိုင် ၃ တိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
·
October 18, 2021
245545978_2686917424943035_8252277120171569331_n

မကွေးတိုင်း ရေစကြိုမြို့မှာ ဆောက်တိုဘာ ၁၇ ရက်နေ့က စစ်အုပ်စုရဲ့ အဓိက စီပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် ၃ တိုင် ဖောက်ခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ ဇီးတောရွာက စစ်ကောင်စီရဲ့ စီးပွားရေး ထောက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်ကို အောက်တိုဘာ ၁၇ ရက် ည ၉ နာရီမှာ ထပ်မံဖောက်ခွဲခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတာဝါတိုင်ကို စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ပထမအကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီ လုံခြုံရေးယူကာ ပြန်လည်ပြုပြင်ထားတာကြောင့် ထပ်မံ ဖောက်ခွဲဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၇ ရက်ည ၉ နာရီလောက်မှာပဲ သန္တပို့ကျေးရွာက စစ်ကောင်စီရဲ့ စီးပွားရေးထောက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင် တစ်တိုင်ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

ရေစကြို PDF တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ စီးပွားရေး ထောက်တိုင်တွေ၊ စစ်အုပ်စုရဲ့ ဌာနဆိုင်ရာတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်လို့ အကြမ်းဖက်စစ်အုပ်စုနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရေစကြိုမြို့ ရေလယ်ကျွန်းဒေသ ထန်းတောရွာက မိုင်တဲလ်တာဝါတိုင် မနေ့ညနေ ၃ နာရီခွဲဝန်းကျင်လောက်က မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဘယ်အဖွဲ့က မီးရှို့သွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ကျေးရွာ ဒေသခံတစ်ဦးက “ငါတို့လယ်ကွင်းဘက်က ထွက်ကြည့်တော့ မီးခိုးတွေ အူ နေတာကို လှမ်းမြင်ရတာပဲ။ ဒို့ရွာက မိုင်တဲလ် တာဝါတိုင်ပဲရှိတာ ကျန်တဲ့တိုင်တော့မရှိဘူး၊ ဘယ်သူရှို့သွားမှန်းလည်း မသိဘူး။ အဲ့ဒီတိုင် မီးရှို့ခံရပြီးတော့ ညနေပိုင်းကျတော့ ဆိုင်ကယ်နဲ့ လက်နက်ကိုင်အဖွဲ့ မောင်းသွားတာမြင်လိုက်တယ်။ ညပိုင်း ၈ နာရီခွဲလောက်ကျတော့ အုံး ခနဲအသံကြားရတယ်။ ရေလယ်ကျွန်းဘက်ကို စခတွေ လာမှာလား ဘယ်အချိန်လာမှာလဲ ဘယ်အချိန်ပြေးရမှာလဲ အမြဲ ရင်တထိတ်ထိတ်နဲ့စောင့်နေရတာ၊ ဘယ်အချိန် စခတွေ ရွာဘက်လာမလည်း နားစွန့်နေရတာ ကျီးလန့်စာစား ဘဝကိုရောက်နေတာပဲ” လို့ ပြောပါတယ်။

နိုင်ငံတဝန်း အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ကိုင်ထားတဲ့ မိုင်တဲလ်တာဝါတိုင်ပေါင်း ၁၅၀ ကျော်ဖျက်ဆီးခံထားရတယ်လို့  သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024