DVB Logo
Home
မြန်မာသတင်း
ထူးခြားထင်ရှားမြန်မာပြည်သား ၂၀၁၃ ဗိုလ်ချုပ်ဂွန်မော်
DVB
·
December 31, 2013
ထူးခြားထင်ရှားမြန်မာပြည်သား ၂၀၁၃   ဗိုလ်ချုပ်ဂွန်မော်
1 / 3
Donate to DVB

ဒီဗွီဘီက ရွေးချယ်ထားတဲ့ ၂၀၁၃ ခုနှစ် ထူးခြားထင်ရှား မြန်မာနိုင်ငံသားတွေထဲမှာ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဒီဗွီဘီ ပရိသတ်တွေက မဲအများဆုံးပေး ရွေးချယ်လိုက်ပါတယ်။

ဒီဗွီဘီ ပရိသတ်တွေအနေနဲ့ ၂၀၁၃ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အလေးပေးဖော်ပြခံရသူ ၁၀ ဦးကို ရွေးချယ်ကောက်နှုတ်ပြီး ဒီဗွီဘီ ပရိသတ်တွေရဲ့ အနှစ်သက်ဆုံး၊ အလေးစားဆုံး၊ တနည်းအားဖြင့် သူတို့ရဲ့အတွေးအမြင်ထဲမှာ အလွှမ်းမိုးနိုင်ဆုံး သူတယောက်ကို မဲပေးရွေးချယ်ပေးဖို့ ဆန္ဒပြုစေခဲ့တာပါ။

ဒီဗွီဘီ သတင်းဌာနရဲ့ မြန်မာပိုင်းနဲ့ အင်္ဂလိပ်ပိုင်း ၀က်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုသူ ပရိသတ်ပေါင်း ၂၀၆၆၂ ယောက်တို့က ဆန္ဒပြု မဲပေးခဲ့ကြရာမှာ ဗိုလ်ချုပ်ဂွမ်မော်က ဆန္ဒမဲပေါင်း ၁၃၈၉၂ ရရှိပြီး မဲအရေအတွက် စုစုပေါင်းရဲ့ ၆၈ ရာခိုင်နှုန်းနဲ့ အများဆုံးရရှိသွားတာပါ။

ဒုတိယအများဆုံးကတော့ မဲပေါင်း ၄၇၈၇ မဲနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးဝီရသူ ဖြစ်ပြီး ဒေါက်တာ စင်သီယာမောင်ကတော့ ၄၇၅ မဲနဲ့ တတိယ မဲအများဆုံး ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားသူ နော်အုန်းလှက ၃၄၉ မဲ ရရှိခဲ့ပြီး စတုတ္ထမဲအများဆုံးပါ။

DVB Certificateဒါ့အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲပေါင်း ၂၃၀၊ ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးက ၁၉၆ မဲ၊ အမျိုးသမီး ဘောလုံးလက်ရွေးစင် မသန်းသန်းထွေးက ၁၉၅ မဲ၊ မယ်စကြ၀ဠာ မြန်မာ- မိုးစက်ဝိုင်က ၁၁၆ မဲ၊ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က မဲပေါင်း ၁၁၀၊ အဆိုတော် အိုင်ရင်းဇင်မာမြင့်က ၄၄ မဲနဲ့ အခြားမဲဆန္ဒပေါင်း ၂၆၈ မဲ တို့ ဖြစ်ပါတယ်။

ဒီဗွီဘီဝက်ဘ်ဆိုဒ်တွေကို ဖတ်ရှုအားပေး မဲရွေးချယ်ပေးကြသူများကို ဒီဗွီဘီက အထူး ကျေးဇူးတင်ရှိပါတယ်။ မဲအများဆုံးပေး ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဟာ ဒီဗွီဘီက ချီးမြှင့်ပေးပို့မယ့် ဂုဏ်ပြုလက်မှတ်နဲ့ ဆုဖလားကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် ဂွန်မော်

၂၀၁၃ ခုနှစ် အောက်တိုဘာလ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ လာရောက်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကို ကချင်ရိုးရာဝတ်စုံတွေ ဆင်မြန်းထားတဲ့ ရာနဲ့ချီတဲ့ ဒေသခံတွေရဲ့ ကြိုဆိုမှုက ကချင်ပြည်သူတွေအကြား သူရဲ့လွှမ်းမိုးမှုကို လျှော့တွက်ထားတဲ့ အာဏာပိုင်တွေအတွက် အံအားသင့်စရာ တခု ဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာလ ကချင်ပြည်နယ် မန်စီမြို့နယ်မှာ မြန်မာ စစ်တပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဗိုလ်ချုပ်ဂွန်မော်ဟာ အများထင်မှတ်မထားဘဲ ရန်ကုန်ကို သမိုင်းဝင်ခရီးစဉ်အဖြစ် လာရောက်နိုင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့သလို စမ်းချောင်းမြို့နယ်က ဘတ်ပ်တစ် ခရစ်ယာန်ဘုရားကျောင်းမှာ ရန်ကုန်ရောက် ကချင်လူမျိုးတွေကို တွေ့ဆုံစကားပြောခဲ့ပါတယ်။ ကချင်လူမျိုး အဆိုတော်တွေအပါအ၀င် ၈၈ မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းဝင်တွေ နိုင်ငံရေးသမားတွေနဲ့ ဦးတေဇတို့လို လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံကူးလတ်မှတ်ကို လျှောက်ထားခဲ့ပါတယ်။

1.-Gen.-Gun-Maw-300x199မီဒီယာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတတ်ပြီး နှိမ်ချတဲ့ ဗိုလ်ချုပ်ဂွန်မော်ရဲ့ တည်ကြည်မှု ဂုဏ်သရေဟာလည်း သိသာထင်ရှားပါတယ်။ ငြိမ်းချမ်းရေးဆိုတာကို ဖြစ်စဉ်တခုအနေနဲ့ သတ်မှတ်ထားတဲ့အကြောင်း၊ မြန်မာ အစိုးရကတော့ ငြိမ်းချမ်းရေးဆိုတာ သဘောတူညီချက်တွေကို လတ်မှတ်ရေးထိုးဖို့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အကြောင်း ဒီဗွီဘီရဲ့ မေးမြန်းတာကို သူက ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ဂွန်မော်ဟာ မန္တလေးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားခဲ့ဖူးပြီး တက္ကသိုလ်က ဘွဲ့ရခဲ့ပြီးတဲ့နောက်မှာတော့ အစိုးရ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး ပါတယ်။ အဲဒီနောက် ကချင်လွတ်လပ်ရေး တပ်မတော်ထဲကို သာမာန်တပ်သား အဆင့်ကနေ ၀င်ရောက်ခဲ့ပြီး ဗိုလ်ချုပ် အဆင့်ထိ တက်လှမ်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ အရေးပါတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး ဖြစ်လာလိမ့်မယ်လို့ ကချင်တိုင်းရင်းသားတွေက မျှော်လင့်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013