ကြာအင်းဆိပ်ကြီးတွင် ဖက်ဆစ်စစ်တပ် အမြစ်ဖြုတ်တော်လှန်ရန် ဆန္ဒထုတ်ဖော်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ  အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့  ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြုတ်တော်လှန်ရေး ဝင်းရော်ဒေသ သပိတ်စစ်ကြောင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

အဆိုပါ ဆန္ဒထုတ်ဖော်ရာမှာ အကြမ်းဖက် ဖက်စစ်စစ်တပ် အမြစ်ဖြုတ်တော်လှန်ဖို့၊ တိုင်းရင်းသား တန်းတူအခွင့်အရေးရရှိဖိူ့၊ စည်းလုံးညီညွတ်စွာနဲ့ စစ်မိစ္ဆာတွေကိုဲ အဆုံးထိ တော်လှန်သွားကြဖို့နဲ့ NUG ကိုထောက်ခံဖို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက CDM ဝန်ထမ်းတွေ၊ သံမဏီနှင်းဆီ အမျိုးသမီးတပ်ပေါင်းစုအဖွဲ့နဲ့အတူ ဒေသခံတွေက မြို့နယ်အတွင်းလှည်လည် ဆန္ဒပြခဲ့သလို ဟောပြောပွဲပါ ပြုလုပ်ခဲ့ပါတယ်။

More News
Up