မအူပင်တံတားပေါ်တွင် ပျူစောထီးအဖွဲ့ဝင်များကို သေနတ်ပစ်သင်ပေးနေ

ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်ညပိုင်းက စစ်အုပ်စုက ပျူစောထီးအဖွဲ့ဝင်တွေကို မအူပင်တံတားပေါ်မှာ‌ သေနတ်ပစ်သင်ပေးနေတယ်လို့ သိရပါတယ်။ 

မအူပင်တံတားပေါ်မှာ စစ်ကောင်စီတပ်သားတွေက ပျူစောထီးတပ်ဖွဲ့ဝင်တွေကို ရက်ခြား သေနတ်ပစ် သင်ပေးတာဖြစ်ပြီး မနေ့ည တညတည်းမှာတင် အချက် ၃၀ ကျော် ပစ်သံကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသခံတဦးက “ည ၁၀ နာရီလောက်က စကြားရတာ။ ဘာကိုပစ်မှန်းမသိတော့ မီးပိတ်ပြီး အိမ်ထဲပုန်းနေရတယ်၊ လွန်ခဲ့တဲ့ တပတ်လောက်ကလည်း အဲဒီလိုပဲ ကြားရတယ်”လို့ ပြောပါတယ်။

မအူပင်မြို့မှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို လက်နက်ငယ်အဖြုတ်အတပ်ကို စစ်တပ်ထဲ ခေါ်ပေးပြီး ပစ်ခတ်မှုကိုတော့ မအူပင်တံတားပေါ်မှာ တပတ်တခါ ပုံစံမျိုး သင်ပေးနေတာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မအူပင်မြို့မှာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းကလည်း ခုလိုမျိုးတံတားပေါ်က သေနတ်ပစ်သံ တွေကြားခဲ့ရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

More News
Up