Home
မြန်မာသတင်း
မတူပီတွင် လက်နက်ကြီးထိမှန် မိုင်းနင်းမိသဖြင့် ၂ ဦးသေဆုံး၊ မြိုင်ပြည်သူ ၂ ဦးဖမ်းဆီးခံရ
DVB
·
October 17, 2021
Ma Tu Pii
Ma Tu Pi
245941339_2686026135032164_3339380094896634499_n
245627940_2686026265032151_678102982908360878_n
245472027_2686026218365489_6522764827850256278_n

ချင်းပြည်နယ် မတူပီမြို့နယ်မှာ အောက်တိုဘာ ၁၆ ရက်နေ့ မွန်လွဲပိုင်းက အကြမ်းဖက်စစ်အုပ်စု ဘက်က ပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ကာ မိုင်းနင်းမိတာကြောင့် ၆ နှစ်အရွယ်ကလေး တစ်ယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ CDF (မတူပီ) ကနေ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် ၆ နှစ်သားကလေးတစ်ယောက်နဲ့ စစ်အုပ်စုက ထောင်ထားတဲ့ မိုင်းကို နင်းမိကာ လူကြီးတစ်ယောက် သေဆုံးခဲ့ပြီး မတူပီ-မင်းတပ် ကားလမ်းမှာလည်း လက်နက်ကြီးထိမှန်ပြီး ပြည်သူတစ်ယောက် ဒဏ်ရာရရှိသွားတယ်လို့ CDF (မတူပီ) ရဲ့ တာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။

ပြည်သူတွေ အသက်ဆုံးရှုံးနစ်နာမှုတွေအတွက် CDF (မတူပီ) အနေနဲ့ အထူးဝမ်းနည်းကြေကွဲရပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေကို လက်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မတူပီမြို့နယ်ထဲမှာ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း CDF(မတူပီ)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးပြီးတော့ CDF တပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်မှာလည်း အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက ဒေသခံပြည်သူ ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး ကျေးရွာ ၃ ရွာက နေအိမ်တွေကို အကြမ်းဖက်မွှေနှောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီသတင်းပေး ဒလန်တွေက PDF တွေရှိတယ်ဆိုပြီးတော့ မဟုတ်မမှန် သတင်းပေးတာကြောင့် စစ်ကား ၂ စီး အင်အား ၅၀ လောက်နဲ့ရောက်လာပြီးတော့ ဝါးရင်းချိုင်ရွာက ဒေါ်ပဲခူးရီနဲ့ ဝက်ပုတ်(ရွာမ)က ကိုဇော်မင်းထိုက်တို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဝါးရင်းချိုင်ရွာ၊ ဝက်ပုတ်ရွာနဲ့ အိုင်မရွာတွေမှာ တစ်အိမ်ဝင်တစ်အိမ်ထွက် မွှေနှောက်ဖျက်ဆီးပြီး ငွေတစ်သိန်းကျပ်နဲ့ ပစ္စည်းတစ်ချို့ကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဝင်ရောက် မွှေနှောက်တာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

မြိုင်မြို့နယ် ကံနက်ကျေးရွာမှာလည်း အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဒေသခံ လူငယ် ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပြီးတော့ နေအိမ်တွေကို ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024