မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ထိုးစစ်ဆင်တိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊  တီးမားကျေးရွာ၊ မန်ကန်တောင်က  KIA ကချင်တပ်နယ်‌မြေနဲ့ မုံးကိုးဒေသက MNDAA ကိုးကန့်တပ်စခန်းတွေကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၆ ရက်ဒီကနေ့ လက်နက်ကြီးပစ်ကူအလွန်အကျွံသုံးပြီးထိုး စစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။

"အကြမ်းဖက်စစ်တပ်ဘက်က KIAနဲ့ MNDAAတပ်ဖွဲ့တွေရှိတဲ့ဘက်ကို ၁၀၅ တပ်စခန်းကုန်းကနေ ၁၂၂- မမ လက်နက်ကြီးအမြောက်အမြားပစ်ကူပေးပြီး ထိုးစစ်ဆင်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

မူဆယ်မြို့နယ်အတွင်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ (၆)နေရာအနီးကို  စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်နဲ့  ဒီမနက်ပိုင်းက  စစ်ကြောင်းထိုးလာတဲ့အတွက် KIA ဘက်က ပြောက်ကျားနည်းနဲ့ ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ရာက တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အလားတူ ဒီနေ့မွန်းလွဲပိုင်းက မူဆယ်ခရိုင် မုံးကိုးဒေသ၊ ဖေါင်းဆိုင်မြို့ ဆုတောင်းတောင်က MNDAA တပ်စခန်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up