Live
Home
မြန်မာသတင်း
ပျဉ်းမနား မြဝတီဘဏ်နှင့် မုံရွာ ကမ္ဘောဇဘဏ် ဗုံးကွဲ၊ စစ်သား ၂ ဦး သေဆုံး
DVB
·
October 16, 2021

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က စစ်တပ်ပိုင် မြဝတီဘဏ်ကို အောက်တိုဘာ ၁၅ ရက် ည ၈ လောက်က ဗုံးခွဲခံရလို့ ဘဏ်ရှေ့မှာ စောင့်နေတဲ့ အစောင့်စစ်သား ၂ ယောက်  သေဆုံးသွားတယ်လို့ သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်မှုကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Nay Pyi Taw - PDF) က လုပ်ဆောင်ခဲ့တာလို့ ထုတ်ဖော်ပြောပါတယ်။

နေပြည်တော် PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ''ပျဉ်းမနားက စစ်ကောင်စီရဲ့ မြဝတီ ဘဏ်ကို မနေ့က ညဦးပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်တပ်က ၂ ဦး  သေတယ်''လို့ အတည်ပြုပြောပါတယ်။

ပျဉ်းမနားမြို့နယ်က မြဝတီဘဏ်ဗုံးခွဲခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အစောင့်တပ်သား ၂ ဦး သေဆုံးတာနဲ့ပတ်သက်ပြီး အတည်ပြုချက်ရယူနိုင်ဖို့ ပျဉ်းမနားမြို့က မြဝတီဘဏ်ကို ဆက်သွယ်ခဲ့ပေမဲ့ ''ဘဏ်လုပ်ငန်းကလွဲပြီး ဖြေဆိုခွင့်မရှိပါဘူး'' လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့၊ ကျောက္ကာလမ်းနဲ့ ရန်ကင်းလမ်းထောင့်က ကမ္ဘောဇဘဏ်မှာ လည်း အောက်တိုဘာ ၁၆ ရက် ဒီမနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဟာ Red Code Revolution Team နဲ့  MONYWA YOUNG PEOPLE GROUPE(MYPG), Northwest Plains Revolutionary forces-NPRF မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး ဖောက်ခွဲတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို ဖောက်ခွဲရတာဟာ ပြည်သူတွေရဲ့ လုံခြုံရေးအချက်အလက် ပေါက်ကြားတာနဲ့ ဘဏ် အကောင့်တွေ ပိတ်ပင်ခံရတာတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024