Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် တပ်မတော်ထောက်ခံပွဲဦးဆောင်သူ ၁ ဦး ပစ်သတ်ခံရ
DVB
·
October 16, 2021
244510155_3701637186641938_2402256689195819676_n

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာမှာ  တပ်မတော်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ အမျိုးသား တယောက် အောက်တိုဘာ ၁၅ ရက်ညနေက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။  

သေဆုံးသူဟာ တဲစုရွာသား ကိုမင်းနိုင်ဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ  အမည်မသိလူတစ်စုက သေနတ်နဲ့ လာပစ်သွားတာကြောင့် ဒဏ်ရာရသွားပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကိုမင်းနိုင် သေနတ်နဲ့ ၃ချက်အပစ်ခံရတယ်။ ဆိုင်ကယ်နဲ့ဝင်လာပြီး သူ့ အိမ်ရှေ့ မှာ ပစ်သွားတာလို့ သိရတယ်။ မိတ္ထီလာဘက်မှာ ဆေးကုနေရင်း သေသွားတာပါ။"

ကိုမင်းနိုင်ဟာ အရင်က တပ်ထောက်ခံပွဲတွေကို  တက်ကြွစွာ ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်လလောက်က ဆိုရှယ်လူမှုကွန်ရက်စာမျက်နှာမှာ သူ့ကို ဒလန်ဆိုပြီး ရေးတင်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024