မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်မပြုရန် ဆုံးဖြတ်ဟုသတင်းထွက်ပေါ်၊ မနက်ဖန် တရားဝင်ကြေညာမည်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အခုလကုန်ပိုင်းကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေက ဆုံးဖြတ်လိုက်တဲ့အကြောင်း NHK ဂျပန်သတင်းမှာဖော်ပြပါတယ် ။

ဒီကနေ့ အောက်တိုဘာလ ၁၅  ရက်နေ့မှာ ၂ နာရီကြာကျင်းပတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးများ အွန်လိုင်းဆွေး နွေးပွဲကနေ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတရားဝင်ကြေညာခြင်းတော့မရှိသေးပါဘူး။

ဒီနေ့အထူးအစည်းအဝေးပွဲ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လက်ရှိအလှည့်ကျအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက အောက်တိုဘာ ၁၆ ရက် မနက်ဖန်မှာ တရားဝင် ကြေညာချက်ထုတ်ပြန်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူတစ်ယောက်နဲ့ ဒေသတွင်း သံတမန် တယောက်ရဲဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ထိပ်သီးအစည်းအဝေးကို အခု အောက်တိုဘာလ  ၂၆ ရက်မှ  ၂၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ခြင်းမရှိတဲ့ စစ်ကောင်စီခေါင်းဆောင်ကို အစည်းအဝေးပေးမတက်ဖို့ အာဆီယံ နိုင်ငံရဲ့ ဝန်ကြီးတွေက အစကတည်းက ပြောကြားထားတာဖြစ်ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း အောက်တိုဘာ ၁၅ ရက် ဒီနေ့ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့   virtual အွန်လိုင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့  နောက်ဆုံးမိနစ်မှာ တောင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up