မအူပင်မြို့မရဲစခန်းဝင်းအတွင်း ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ မြို့မရဲစခန်းဝင်းထဲမှာ  အောက်တိုဘာလ ၁၅ ရက် ဒီနေ့ ညနေ ၆ နာရီ ၄၀ လောက်က  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမှတ် ၄ ရပ်ကွက် ၊ အောင်ဇေယျလမ်းမှာရှိတဲ့ မအူပင်မြို့မရဲစခန်း ဝန်ထမ်းအိမ်ရာ အနောက်ထောင့် ညောင်ပင်ကြီးအောက် ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

"ရဲစခန်းဝင်းထဲ ဗုံးခွဲတာ ဟုတ်ပါတယ်။ စစ်အုပ်စုထောက်တိုင်တွေကို ဆက်လက်ဖောက်ခွဲ တိုက်ခိုက်တာတွေပြုလုပ်သွားမှာပါ''လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ မအူပင် အထက (၁) ကျောင်းနဲ့လည်း နီးတဲ့နေရာ ဖြစ်ပြီး  ဗုံးပေါက်ကွဲမှု ကြောင့်  ထိခိုက်မှုအခြေအနေလည်း မသိရသေးဘူးလို့  ဒေသခံတွေက ဆိုပါတယ်။

အဆိုပါဗုံးခွဲမှုကို မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုနဲ့ မအူပင်မြို့ပြပြောက်ကျားတပ်ဖွဲ့ပူပေါင်းလုပ်ဆောင်တာလို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက ဗိုလ်ဖြူလေးက  ဒီဗွီဘီကိုပြောပါတယ်။

မအူပင်မြို့မှာ အောက်တိုဘာလထဲမှာ ယာဥ်ထိန်းရုံးအပါအဝင် စစ်အုပ်စုထောက်တိုင်နေရာ အနည်းဆုံး  ၃ ခုမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

More News
Up