စဉ့်ကိုင်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် မိသားစုလိုက် အသတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ကင်းတုံရွာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် မိသားစုလိုက် ၄  လောင်းပြိုင်အသတ်ခံရမှု အောက်တိုဘာ  ၁၃ ရက် နေ့က ဖြစ်ပွားခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

ကင်းတုံရွာသား စစ်ကောင်စီသတင်းပေးအဖြစ် လူသိများတဲ့ ဦးခင်မောင်ချိုရဲ့ အိမ်ကို  အောက်တိုဘာ ၁၃  ရက် ည ၈နာရီကျော်က လူ ၁၀ ယောက်ကျော်ပါတဲ့  လူတစ်စုက  တုတ်၊ဓား လက်နက်တွေနဲ့ ဝင်ရောက်စီးနင်းပြီး ဦးခင်မောင်ချိုအပါအဝင် မိသားစုဝင် အမျိုးသား ၄ ဦးကို အိမ်ထဲထိဝင်ရောက် သတ်ဖြတ်သွားတာလို့ ရွာခံတွေကပြောပါတယ်။

ဦးခင်မောင်ချိုမိသားစုဟာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ပြီး  စစ်ကောင်စီကို သတင်းပေးပို့ နေတာကြောင့် အဖမ်းခံရတဲ့ သူတွေရှိသလို ထွက်ပြေးတိမ်းရှောင် နေရသူတွေလည်း ရှိနေတယ်လို့ ရွာခံတချို့က ပြောပါတယ်။

More News
Up