DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ၄၇ ချက်ပြင်မည်
DVB
·
December 31, 2013
ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ၄၇ ချက်ပြင်မည်
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးက ဖွဲ့စည်းပုံမှာပါတဲ့ အချက် ၄၇ ချက်ကို ပြင်ဆင်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြ တယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

USDPMeetin29122013ဗဟိုကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ဒီဇင်ဘာ ၂၈ ကနေ ၃၀ အထိ ကျင်းပခဲ့ပြီး အခုလို ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။

အစားထိုးခြင်း ၁၂ ချက်၊ ဖြည့်စွက်ခြင်း ၁၃ ချက်၊ ပယ်ဖျက်ခြင်း ၅ ချက် တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတွင် ဖြည့်စွက်သင့်သည် ကိစ္စရပ် ၁၁ ချက်နဲ့ အခြေအနေ အချိန်အခါအရ ပြင်ဆင်သင့်တဲ့ ပြဋ္ဌာန်းချက် ၆ ချက်တို့ကို သဘောတူခဲ့တာပါ။

အဲဒီထဲမှာ သမ္မတရဲ့ အရည်အချင်း ဖြစ်ဖို့ ကန့်သတ်ထားတဲ့အချက်နဲ့ ၇၅ ရာခိုင်နှုန်း ကျော်မှ ပြင်ဆင်လို့ ရမယ်ဆိုတဲ့ အချက်တွေကိုလည်း ပြင်ဆင်မယ့်အထဲမှာ ပါတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

ဘာတွေ ပြင်မယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို့တော့ ထုတ်ပြန်ချက်မှာ ရေးသားထားတာ မပါပါဘူး။

သူတို့ ပြင်ဆင်ချင်တဲ့အချက်တွေကို လွှတ်တော်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လေ့လာသုံသပ်ရေး ကော်မတီကို တင်ပြပြီး လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ အချက် ၁၆၈ ချက်ကို တင်ပြမယ်လို့ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013