Home
သတင်းဓာတ်ပုံ
ဖောက်ခွဲဖျက်ဆီးခံရသည့် ကလော့ချောင်းတံတား ပြန်လည်ပြုပြင် (ဓာတ်ပုံ)
DVB
·
October 15, 2021
245657973_173802318247874_6429503469570229594_n
245594946_173802421581197_846512403963609653_n
245540960_173802531581186_7592433004872432259_n
245511519_173802374914535_2601757565938570694_n
245435668_173802464914526_8842571766845695365_n
245405591_173802261581213_9182539022789894764_n
245380298_173802494914523_4539660107831467583_n
243049208_173802571581182_8394872564177041616_n

ရန်ကုန်-ရေး-ထားဝယ်-မြိတ်ကားလမ်းပေါ်က မိုင်းခွဲခံရတဲ့ ကလော့ချောင်းတံတားကို ဆောက်လုပ်ရေးလမ်းအင်ဂျင်နီယာတွေက နေ့ရောညပါအမြန်ပြန်လည်တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်  ရေးမြို့  ကလော့ချောင်းတံတား ဒေသအခေါ်  ပေ ၄ဝ တံတားဟာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းလောက်မှာ မိုင်းပေါက်ကွဲ ဖျက်ဆီးခံရပြီး တံတားရဲ့ ယက်မ ၁ ချောင်း ပျက်စီးသွားခဲ့တာကြောင့် အိမ်စီးကားနဲ့ တန်ချိန်နည်းတဲ့ ကားတွေကိုတော့ ဖြတ်သန်းသွားလာခွင့်ကို ပေးထားပါတယ်။

တန်ချိန်များတဲ့ ကုန်တင်ယာဉ်ကားတွေကို‌တော့ လက်တလောမှာ ဖြတ်သန်းခွင့် မပြုသေးဘဲ အချိန်မီ ကုန်စည်ပို့ဆောင်ရေးတွေ ပုံမှန်သွားလာလို့ ရအောင်လည်း သက်ဆိုင်ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနမှ လမ်းအင်ဂျင်နီယာတွေက အပူတပြင်း ဆောက်လုပ်နေကြတာပါ။

တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ ပက်သက်ပြီး ရေး PDF က လုပ်ဆောင်တာ မဟုတ်ကြောင်း ငြင်းဆိုထားပြီး ဘယ်အဖွဲ့က ဖောက်ကွဲ ဖျက်ဆီးသွားတာတော့ မသိရှိရသေးပါဘူး။

ပုံ  Crd  (ANW)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024