Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် စစ်အုပ်စုခန့် ကျေးရွာစာရေး ၁ ဦး ပစ်သတ်ခံရ
DVB
·
October 15, 2021
244553939_1203247506826257_8044600445729610091_n

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီခန့်အပ်ထားတဲ့ ကျော်ဇံကျေးရွာရဲ့ ရပ်ကျေး စာရေး အမျိုးသားတယောက် အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ 

ရပ်ကျေးစာရေး ကိုအေးသွင်ဟာ မော်ကျွန်း-မအူပင်ကားလမ်းအတိုင်း ဆိုင်ကယ်နဲ့ မောင်းလာချိန်မှာ ကျိုက်ပိရွာနားမှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့လာတာ လမ်းမှာတားပြီးပစ်တာ။ လူရော ဆိုင်ကယ်ရော လမ်းဘေးကိုင်းတောထဲ ထိုးကျသွားတယ်။ အုပ်ကြီးကပါမလာတော့ စာရေးကိုလုပ်လိုက်တာ သတင်းပေးလုပ်နေလို့ လုပ်ရတာပါ” လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ကျော်ဇံကျေးရွာ ရပ်ကျေးစာရေး အေးသွင်ကို ပစ်ခတ်သတ်ဖြတ်မှုကို “ဧရာကဗေဒါ” အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

မော်လမြုင်ကျွန်းမြို့နယ်မှာ အောက်တိုဘာလဆန်းပိုင်းက ဗုံး ၃ ကြိမ်ထိပေါက်ကွဲခဲ့ပြီး စစ်အုပ်စုခန့် ရပ်ကျေး စာရေး အသတ်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024