စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၄ ရက် မနက် ၁၀ နာရီခွဲ တစ်ကြိမ်နဲ့ နေ့လယ် ၂ နာရီမှာ တကြိမ် မိုင်းဆွဲခဲ့တာကြောင့် စစ်ကောင်စီကား ၅ စီး ပျက်စီးပြီး ထိခိုက်ကျဆုံးတာ များနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို မိုင်းဆွဲတိုက်ခိုက်တာကို မြောင် CDSOM၊ MSPDF၊ CHUPDF၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ မြင်းမူလျှပ်စီးအဖွဲ့၊ YSOPDF၊ PDF-TALOKE၊ SGGPDF၊ မြင်းခြံ PDF နဲ့ မုံရွာ PDF မဟာမိတ် ၁၀ ဖွဲ့က လုပ်တာလို့ မြင်ခြံမြို့နယ် ပြည်သူကာကွယ်ရေးတပ်က ကိုတိုက်ဂါးက ပြောပါတယ်။
“မဟာမိတ် ၁၀ ဖွဲ့က ဒီမနက်ခင်းက ကျောက်ရစ်ကနေ မြောင်ဘက်ကိုတက်လာတဲ့ စစ်ကောင်စီ ကားတန်းကို ပရိမ္မကျေးရွာနားမှာ မိုင်းဆွဲလိုက်တယ်။ စစ်ကား ၂ စီး ပျက်တယ်။ အထိခိုက်လည်း ရှိတယ်။ ဒုတိယတစ်ကြိမ် မြောင်မြို့နယေ ဆွဲလဲအုံကျေးရွာနဲ့ နဘက်ကျေးရွားကြား တစ်ကြိမ်ထက်ခွဲတယ်။ စစ်ကောင်စီကား ၃ စီး မိုင်းထိ ပျက်စီးတယ်ပေါ့၊ အကျဆုံးကတော့ အတိကျ မသိနိုင်ဘူး။” လို့
အခုလို မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီက မြောင်မြို့ပေါ်ပရဟိတ လူမူကူညီရေးကား သုံးစီးနဲ့ ထိခိုက်သေဆုံးသူတွေကို လာရောက်သယ်ဆောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မြောင်မြို့နယ်အတွင်း အခုအောက်တိုဘာလအတွင်း စစ်ကောင်စီက တစ်ရွာဝင် တစ်ရွာထွက် နယ်လှည့် စစ်ဆေးရှာဖွေတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံရွာသားတွေက ပြော ပါတယ်။
အရာတော်မြို့နယ်၊ ရဲချင်းကျေရွာအနီးမှာလည်း အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ လောက်က အရာတော်-နောင်ကြီးအိုင် လမ်းအတိုင်း ထွက်လာတဲ့ ရဲကားနှစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ “အရာတော်ကလာတဲ့ ရဲကားကို ရဲချင်းရွာအကျော်မှာ မိုင်းဆွဲတိုက်ခိုက်တယ်။ ကားတစ်စီးမိုင်း ထိတယ်။ ဒဏ်ရာရသူများတယ်။ မိုင်းထိသွားတဲ့ကားနဲ့ပဲ ဒဏ်ရာရသူတွေကို တင်ပြီး အရာတော်ဘက်ပြန်ဝင်သွားတယ်။ ကျန်တစ်စီးကတော့ မြောက်ဘက်ကို ဆက်မောင်းသွားတယ်” လို့ ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ကားပေါ်ပါ စစ်သားအများအပြား ထိခိုက်ဒဏ်ရာရပြီး ကားတစ်စီးပေါ်စုပြုံတင်ဆောင်သွားကာ အရာတော်ဘက်သယ်သွားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကူတွေ ထပ်မံရောက်လာပြီး မကျီးကန်ကျေးရွာထဲဝင်ပြီး သေနတ်တွေ ဆက်တိုက်ပစ်ဖောက်ပြီး စီးနင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။