ဗန်းမော်မြို့ နန်းသီတာမီးပွိုင့်အနီး ဗုံးကွဲ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊  နန်းသီတာမီးပွိုင့်အနီးမှာ အောက်တိုဘာ ၁၄ မနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အနီးနားက ဆိုင်တချို့ မှန်တွေကွဲသွားပါတယ်။

ဗုံးပေါက်ကွဲတဲ့ နန်းသီတာမီးပွိုင့်အနီးမှာ ပြီးခဲ့တဲ့ ရက်တွေက လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“အရင်ရက်တွေက အဲ့နေရာမှာ  လိုင်စင်စစ်နေတာ။ ဒီနေ့ ဗုံးပေါက်တာ လူထိသွားတာ မတွေ့လိုက်ဘူး။ အသံကတော့ အတော်ကျယ်တယ်။ ဗုံးပေါက်တဲ့အရှိန်နဲ့ အဲ့နားက ဆိုင် မှန်တွေ ကွဲသွားတယ် "လို့ မီးပွိုင့်အနီးနေတဲ့ဒေသခံက ပြောပါတယ်။

ကချင်ပြည်နယ် မြို့နယ်တချို့မှာ လိုင်စင်မဲ့ယာဉ်တွေကို ရှောင်တခင် ဖမ်းဆီးတာတွေ ပြုလုပ်နေပြီး ဗန်းမော်မြို့နယ်မှာတော့ ဆိုင်ကယ် အစီး ၁၀၀ကျော် သိမ်းဆည်းခံခဲ့ရပါတယ်။

More News
Up