Home
မြန်မာသတင်း
မုံရွာမြို့လယ်တွင် ဗုံးပေါက်ကွဲ၊ စည်ပင်အမှိုက်သိမ်းဝန်ထမ်း ၁ ဦးသေဆုံး
DVB
·
October 14, 2021
242991311_551227032620159_2176201830565728550_n

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့လယ်မီးပွိုင့်မှာ အောက်တိုဘာ ၁၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စည်ပင်အမှိုက်သိမ်း ဝန်ထမ်း ၁ ဦးသေဆုံးပြီး တချို့ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့် စည်ပင်ကားပေါ်မှာပါလာတဲ့ စည်ပင်အမှိုက်သိမ်းဝန်ထမ်း ၄ ဦးထဲက ၁ ဦး နေရာတင် ဗုံးထိမှန်သေဆုံးကာ၊ ၁ ဦး လက်ပြတ်သွားပြီး  ကျန်သူတွေလည်း ထိခိုက်တာတွေရှိခဲ့တယ်လို့ မျက်မြင်သူတွေထံက သိရပါတယ်။

“အသံကတော့ အကျယ်ကြီးကြားရတာဗျ။ အဲလိုကြားလို့ အပြင်ထွက်ကြည့်တော့ စည်ပင်ကားပေါ် အမှိုက်ပုံးတင်တဲ့အချိန် ပေါက်ကွဲတဲ့သဘော ရှိမယ်။ စည်ပင်ဝန်ထမ်း တစ်ယောက်သေတယ်”လို့ ပေါက်ကွဲရာအနီး ဝန်းကျင်မှ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

အခု ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024