မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့မှာ အောက်တိုဘာ ၁၃ ရက် မနက် ၈ နာရီက ဗုံးတစ်လုံး ပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့မနက် ၈ နာရီလောက်က အမှတ် ၅ ရပ်ကွက် ဘူတာလမ်းဆုံနားက နေအိမ်တစ်အိမ်ရှေ့မှာ ဗုံးတင်ထားတာတွေ့လို့ လုံခြုံရေးကို အကြောင်းကြားတာ။ ဗုံးရှင်းဖို့ စစ်ကောင်စီ လုံခြုံရေးတွေ ရောက်လာပြီး ရှင်းလင်းနေစဥ်မှာပဲ ပေါက်ကွဲသွားတာကြောင့် စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့တာ” လို့ မြိုခံ တစ်ယောက်က ပြောပါတယ်။
နွားထိုးကြီးမှာ အောက်တိုဘာ ၁၂ ရက်က မနက်ကလည်း တရားရုံးအနီးမှာ ဗုံးပေါက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက်မှာ ရက်ဆက် ထပ်မံပေါက်ကွဲတာဖြစ်ပါတယ်။
၂ ရက်တာ ဗုံးပေါက်ကွဲမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။