Sunday, May 28, 2023
HomeLead Storyမော်ကျွန်းမြို့တွင် ဗုံးပေါက်ကွဲ

မော်ကျွန်းမြို့တွင် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ​မော်ကျွန်းမြို့၊ ချမ်းမြေ့သာယာ ၁၃ ရပ်ကွက်၊ စစ်ချောင်းအနီးမှာ အောက်တိုဘာ ၁၂ ရက်​ ည ၁၀ နာရီကျော်လောက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

“ထိခိုက်တာ ပျက်စီးတာက သိဖို့မလွယ်ဘူး။ ဖြစ်ပြီး​တော့ အကြမ်းဖက်စစ်တပ်​ ရောက်လာပြီး စစ်​ဆေး​နေတယ်။ ဖြစ်တဲ့အချိန်က ညမထွက်ရအချိန်ဖြစ်တယ်”လို့ ​မော်ကျွန်း​​ဒေသခံတစ်ဦးက ​ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး​နောက် ​မော်ကျွန်းမှာ ဗုံး​ပေါက်ကွဲမှု ၁၀ ကြိမ်အထိရှိပြီး အခုဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။

မြစ်ဝကျွန်း​ပေါ် ​ပြောက်ကျားစစ်ဆင်​ရေးအဖွဲ့က  ပြည်သူတွေမလိုအပ်ဘဲ အပြင်မသွားဖို့၊ အကြမ်းဖက်စစ်တပ် ရဲစခန်းတွေ မသွားကြဖို့ သတိ​ပေးထုတ်ပြန်ထားပါတယ်။

​အောက်တိုဘာလအတွင်း ဧရာ၀တီတိုင်း​မှာ  စစ်အုပ်စုနဲ့ ပစ်မှတ်တွေ ဗုံးခွဲတိုက်ခိုက်ခံရတာ ၊ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေ  ဖျက်ဆီးခံရတာတွေ နေ့စဉ်လိုလိုရှိနေသလို အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေကလည်း အပြစ်မဲ့ပြည်သူတွေကို အ​ကြောင်းမဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular