ရေဦးမြို့နယ်၊ ဝက်ဖြူရွာက စစ်တပ်သတင်းပေးလမ်းပြ အမျိုးသမီး ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ညောင်နီကန်အုပ်စု  ဝက်ဖြူကျေးရွာက စစ်ကောင်စီတပ်တွေကို သတင်းပေးလမ်းပြလုပ်ပေးခဲ့တဲ့ အမျိုးသမီး ၂  ဦးကို အောက်တိုဘာလ ၁၂ ရက်က အသတ်ခံခဲ့ရပါတယ်။

အသတ်ခံရသူ အမျိုးသမီးနှစ်ဦးဟာ ဝက်ဖြူကျေးရွာက မချိုချိုဝင်းနဲ့မဌေးလင်းတို့ဖြစ်ပြီး မနေ့ည ၉ နာရီ လောက်က အမည်မသိအဖွဲ့အစည်းတခုက သူတို့ရဲ့နေအိမ်တွေကနေ ခေါ်ဆောင်သွားကာ ညောင်နီကန် အရှေ့ဘက် ဇရပ်တခုမှာ ဓားနဲ့ ခုတ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဝက်ဖြူရွာကို စက်တင်ဘာလတုန်းက စစ်ကြောင်းဝင်သေးတယ်။ နေအိမ် ၅ လုံး ဖျက်ဆီးခံရတယ်။ ရွာသား ၄ ဦး အဖမ်းခံရတယ်။ အခုချိန်အထိ ပြန်မလွတ်သေးဘူး ထောင်ကျ သွားတယ်ပြောတယ်။ အဲဒီစစ်ကြောင်းဝင်တုန်းက သူတို့နှစ်ယောက်က လမ်းပြလုပ်တယ်။ လက်ညှိုးထိုးဖမ်းခိုင်းသလိုပေါ့ဗျာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အသတ်ခံရသူ အမျိုးသမီးနှစ်ဦးဟာ ‌ဩဂုတ်လပိုင်းက ကာဘိုး NLD စည်းရုံးရေးလူငယ်တွေကို ရိုက်နှက်သတ်ဖြတ်ရာမှာ ဦးဆောင်ခဲ့တဲ့ ခရိုင်ပျူစောထီးခေါင်းဆောင်လို့ နာမည်ကြီးသူ ဦးသောင်းဌေးရဲ့  ညီမအရင်းနဲ့ တဝမ်းကွဲညီမတို့ဖြစ်တယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့စစ်တပ်သတင်းပေး ဒလန် ပျူစောထီး လို့နာမည်ကြီးသူ ၉ ဦး လောက် အသတ်ခံထားရတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up