Home
မြန်မာသတင်း
ပဲခူးတိုင်း PDF က ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီပစ်မှတ် ၈ ခု ကို တိုက်ခိုက်
DVB
·
October 12, 2021
244522683_2747003978925626_8840204899370289625_n

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)က ပျုစောထီး၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီရဲ့ ပစ်မှတ်နေရာ ၈ ခုကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ပြည်သူတွေကို အဓမ္မ​ငွေ​တောင်းအနိုင်ကျင့်နေတဲ့ ပျု​စောထီး၊ အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ စစ်ယာဥ်တန်းတွေအပါအဝင် စစ်ကောင်စီနဲ့ စစ်ကောင်စီမိသားစု အကျိုးစီးပွားပိုင် မိုင်တဲလ်တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီး သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ ဇီးကုန်းမြို့က  ရဲတပ်သား ၂ ဦး သေဆုံးပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ ပေါင်းတည်မြို့က ပျုစောထီး ခေါင်းဆောင် ဝေလင်းနဲ့ မိုးညိုမြို့က မိုင်တဲလ် တာဝါတိုင် ၁ တတိုင်းကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရေတာရှည်မြို့နယ်က ရဲစခန်းဝင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့​သလို  သက္ကလမြို့ ရွှေ​ပြည်အေးရပ်ကွက်က အုပ်ချုပ်ရေးမှူး အောင်မင်းဦး၊ ပေါင်းတည်မြို့ ကျေးလက်​ဒေသဖွံ့ဖြိုးရေးရုံးနဲ့ သစ်ပုတ်ကျေးရွာက မိုင်တဲလ်တာဝါတိုင်တို့အပြင် ပဲခူးမြို့အတွင်း လှည့်ကင်းပတ်နေသော စစ်ကောင်စီရဲ့ ယာဥ်နှစ်စီးကိုပါ အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်၊

ပဲခူးတိုင်း PDF တာဝန်ရှိသူတစ်ဦးက “နှစ်ရက်အတွင်း နေရာ ၈ ခုကို တိုက်ခိုက်တာပေါ့။ ပဲခူးတိုင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်ပိုင်တိုင်းစစ်ဌာနချုပ်) လက်အောက်မှာရှိတဲ့ မြို့နယ် အသီးသီးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လုပ်တာပါ။ ပဲခူးက စစ်ယာဥ်တန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီက အနည်းဆုံး ၁၀ ယောက်အထက်မှာ သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။ 

ပဲခူးတိုင်း​အတွင်း မြို့နယ် ၂၈​မြို့နယ်မှာ ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့​တွေ ဖွဲ့စည်း​​ပြီ​ဖြစ်တာ​​​​ကြောင့် လူမဆန်တဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ကာ  တော်လှန်ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားမှာ​ဖြစ်တယ်လို့  တောင်ပိုင်တိုင်းစစ်ဌာနချုပ် အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်၊

မြို့တွင်းပြောက်ကျား စစ်ဆင်ရေးတွေနဲ့ ချေမှုန်းရေးတိုက်ပွဲတွေကြောင့်   ​ ပြည်သူလူထုအနေ​နဲ့ အန္တရယ်ကင်းရှင်းပြီး ထိခိုက်မှု အနည်းဆုံးဖြစ်​စေဖို့ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များကို လိုက်နာ​ပေးဖို့ကိုလည်းတိုက်တွန်း ထားပါတယ်၊

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024