DVB Logo
Home
မြန်မာသတင်း
အန်စီစီတီနဲ့ အမ်ပီစီ ဆွေးနွေးပွဲ ငြိမ်းချမ်းရေးမူဘောင် ၈၀ ရာခိုင်နှုန်း သဘောတူ
DVB
·
December 29, 2013
အန်စီစီတီနဲ့ အမ်ပီစီ ဆွေးနွေးပွဲ ငြိမ်းချမ်းရေးမူဘောင် ၈၀ ရာခိုင်နှုန်း သဘောတူ
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ (NCCT) နဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (MPC)တို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

NCCT&MPC9အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့တိုရဲ့ ငြိမ်းချမ်းရေးမူဘောင်တွေ ၈၀ ရာခိုင်နှုန်းအထက် သဘောတူခဲ့ကြတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ဆွေးနွေးပွဲ အကြိမ်ရေစိတ်လာတော့ ကျနော့်တို့ထင်တာထက် နှစ်ဖက်ဆွေးနွေးရတာ ပိုပြီးတော့ အဓိပ္ပါယ်ရှိလာပြီး ပိုအကျိုးရှိလာတယ်။ အရင်တခေါက် မြစ်ကြားဆွေးနွေးပွဲပြီးတော့ ရန်ကုန်မှာဆွေးနွေးကြတယ်။ အဲဒီ ရန်ကုန် ဆွေးနွေးပွဲပြီးတုန်းက ပဒို ကွယ်ထူးဝင်းတို့က ၅၀ ရာခိုင်နှုန်းတူတယ်ပြောတယ်။ ဒီနေ့တော့ ၈၀ ရာခိုင်နှုန်းအထက်ကို မူအားဖြင့် တူကြပါတယ်။”

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်အတွင်းမှာ ထပ်မံဆွေးနွေးမှာပါ။ နောက်တကြိမ်ဆွေးနွေးပွဲကို ၂၀၁၄ နှစ် ဇန်န၀ါရီလ ၂၀၊ ၂၁၊ ၂၂ ရက်နေ့မှာ ကရင်ပြည်နယ် လေးဝါးမှာ အကြိုဆွေးနွေးပွဲ ပြုလုပ်မှာဖြစ်ပြီး ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဇန်န၀ါရီ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အန်စီစီတီအဖွဲ့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်း ၂ ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာမြို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကနေ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၃ ဖွဲ့က ကိုယ်စားလှယ် ၁၃ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင်အနေနဲ့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013