Home
မြန်မာသတင်း
ပူတာအိုစစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအခက်အခဲကြုံနေ
DVB
·
October 12, 2021
244989926_2960139980980607_1629760813332573954_n
244531860_2960140024313936_1313189598104994907_n
244476348_2960139890980616_8871751713189329005_n
244303090_2960139944313944_6688933023266674066_n

ကချင်ပြည်နယ်။ ပူတာအိုမြို့နယ်၊ ဇီဒမ်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်-၁၉ ကာလ ကြာလာလို့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ အခြေခံစားသောက်ကုန်‌တွေ အခက်ခဲရှိတယ်လို့ စစ်ဘေးရှောင်စခန်း အသိုက်အဝန်းကနေ သိရပါတယ်။ 

စစ်ဘေးရှောင်စခန်းနဲ့နီးစပ်သူတစ်ဦးက "ကိုဗစ်ဘေးကပ်ဆိုးကာလ ၃ နှစ်ရှိလာပြီ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ကိုယ်ပိုင်လယ်မြေ၊ ယာမြေကမရှိဘူး။ စစ်‌ဘေးရှောင်ပြည်သူများ စားရေးသောက်ရေး ကဏ္ဍကလည်း တစ်နေ့ထက်တစ်ရက် အခက်ခဲဖြစ်နေတယ်” လို့ ပြော ပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေ ပိတ်ထားတာကြာလာလို့ စစ်ဘေးရှောင်ကလေးတွေ၊ ပူတာအိုဒေသခံ ကျောင်းသားလေးတွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကလည်း ‌ဆိုပါတယ်။

ပူတာအို စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စုပေါင်း ၇၆ စုရှိပြီး အခုလက်ရှိ လူဦးရေ ၃၇၅ ယောက် နေထိုင်ကာ သက်ကြီးရွယ်အိုတွေနဲ့  ကိုယ်ဝန်ဆောင်မိခင်၊ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးစောင့်ရောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပူတာအိုမြို့နယ် ဇီဒမ်းစစ်ဘေးရှောင်စခန်းဟာ လုံစွတ်ရပ်ကွက်ကနေ  ဇီဒမ်းကျေးရွာကို ပြောင်းရွေ့ခဲ့တာ ဖြစ်ကာ ကိုဗစ်-၁၉ကာလ ကြာလာတဲ့အလျောက်  စစ်ဘေးရှောင်ပြည်သူတွေ စားရေးသောက်ရေးအခက်ခဲနဲ့ ရင်ဆိုင်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024