Home
မြန်မာသတင်း
ထိုင်းတွင် တရက်တည်းလူ ၉၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ အကျဉ်းထောင်များမှ ၂၀၀ ကျော် ပါဝင်
DVB
·
October 12, 2021

ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉,၄၄၅ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ နိုင်ငံတဝန်း အကျဉ်းထောင်တွေက ၂၀၁ ယောက် ပါဝင်တယ်လို့ ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ထပ်မံသေဆုံးသူအရေအတွက်ကတော့ ၈၄ ယောက် ရှိခဲ့ပြီး ရောဂါ ပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၁,၄၅၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁ ဒသမ ၇၃ သန်းကျော်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၇,၀၀၀ ကျော်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝန်း ခရီးသွားလုပ်ငန်းတွေနဲ့ နိုင်ငံတွင်း ဝင်ရောက်ခွင့်တွေကိုတော့ လာမယ့် နိုဝင်ဘာလမှာ ပြန်လည်စတင်နေဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမှုတွေကိုလည်း အားစိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံတွေပြီးရင် ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၃၉ သန်းကျော်၊ သေဆုံးသူ ၄ ဒသမ ၈၇ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၂၁၆ ဒသမ ၂၇ သန်းကျော် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024