အရာတော်မြို့နယ် ဝါးတန်းချောင်းတက်အနီး စစ်ကား ၂ စီး မိုင်းဆွဲခံရ

ဒုံဒစ်ရွာကို ဒီနေ့နေ့ခင်းကမီးရှို့နေပုံ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာအနီးက ချောင်းအတက်မှာ အောက်တိုဘာ ၁၁ ရက် ဒီညနေ ၃ နာရီလောက်က မုံရွာကနေ အရာတော်ဘက်လာတဲ့ စစ်ကား နှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) ကပြောပါတယ်။

ARA  ဗိုလ်တိုက်မောင်းက "ကျွန်းဖိုပင်နဲ့ ဝါးတန်းကြား၊ ဝါးတန်းချောင်းတက်ပေါ့။ လူကို အဓိက ထိစေတဲ့ ရှေ့ထွက်မိုင်းနဲ့  တွယ်လိုက်တာပါ။ ထိတာတော့ နှစ်စီးလုံး အမိအရပဲ။"လို့ ပြောပါတယ်။ 

ယာဉ်ပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ အရေအတွက် ဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု (ARA) ကတော့ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ် ဒုံဒစ်(ထုံးသစ်)ကျေးရွာကိုလည်း ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က ဝင်ရောက်မွှေနောက်ကာ  နေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

More News
Up