Live
Home
မြန်မာသတင်း
သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဥ်ထိန်းရဲရုံးအနီး ဗုံးကွဲ
DVB
·
October 11, 2021

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဥ်ထိန်းရဲရုံး အနီး အောက်တိုဘာ ၁၁ ရက် ဒီနေ့ မွန်းလွဲ   ၁ နာရီခွဲလောက်က  ဗုံးပေါက်ကွဲပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ယာဥ်ထိန်းရဲရုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နေ့စဥ် လုံခြုံ​ရေးယူ​လေ့ရှိပြီး  အနီးအနား Food panda ပို့တဲ့ လူငယ်တွေလည်းရှိတယ်။ ပေါက်ကွဲသံအကျယ်ကြီး နှစ်ခါကြားလိုက်ရတယ်။  Food panda ပို့တဲ့ကောင်းလေးလည်း  ဒဏ်ရာရသွားတယ်”လို့   မရမ်းကုန်းမြို့နယ်နေ ဒေသခံ မျက်မြင်တဦးက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီး​နောက် သမိုင်းလမ်းဆုံမီးပွိုင့်အနီး လမ်းလေးခွဆုံကို စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့ရှာဖွေစစ်ဆေးနေပါတယ်။

မြို့နယ်အသီးသီးက PDF အဖွဲ့တွေကတော့ စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်မှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးကပ်မနေကြဖို့ မလိုအပ်ပဲ အပြင်ထွက်တာမျိုးမလုပ်ဖို့နဲ့ CCTV တွေဖြုတ်ထားကြဖို့ သတိပေးပြောဆိုထားပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024