Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူ တိုက်ပွဲဖြစ်
DVB
·
October 11, 2021
241336869_10159334862797305_3646422472938389204_n
240514376_10159334862782305_4700929923747837106_n
244580088_10159334862847305_6458999199784415039_n
241412359_10159334862812305_4400540074544692453_n

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ KNU/ KNLA  နယ်မြေထဲ စစ်ကောင်စီတပ်တွေက  ကျူးကျော်ဝင်ရောက်လာတာကြောင့် အောက်တိုဘာလ ၁၁ ရက်၊ ဒီနေ့မနက် ၉ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

KNU  တပ်မဟာ (၆) တပ်ရင်း (၁၈) နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့ အရှေ့ဘက် ၁ မိုင်ကျော် အကွာရှိ ကော့နွဲကျေးရွာအနီး (ယားကလတ်)တောင်ကုန်းမှာ  ၁၅ မိနစ်ကြာလောက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ 

တိုက်ပွဲမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတဲ့အတွက် အနီးနအားရှိ ရွာသားတွေ ကျည်လွတ်ရာ နေရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ နှစ်ဘက် ထိခိုက်ဒဏ်ရာရ သေဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီဟာ တဘက်မှာ စစ်ရေးလှုပ်ရှားမှု ၅ လ ရပ်ထားတယ်လို့ ကြေညာထားပြီး တခြားတဘက်မှာတော့ အန်စီအေစာချုပ်ကို ချိုးဖောက်ပြီး ကေအန်ယူနယ်မြေထဲ ကျူးကျော်ဝင်ရောက် စစ်အင်အားတိုးချဲ့နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024