လွှတ်တော်အမတ်ကို ဖမ်းဆီးထားတဲ့အတွက် ပဋိပက္ခဖြစ်ပြီး လူ ၅ ဦး သေဆုံး

816
အီရတ်နိုင်ငံမှာ ထင်ရှားတဲ့ လွှတ်တော်အမတ်ကို လုံခြုံရေးတပ်တွေက ဖမ်းဆီးထားတဲ့အတွက် ပဋိပက္ခတွေ ဖြစ်ပြီး အနည်းဆုံး လူ ၅ ယောက်သေဆုံးသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ဆွန်နီ အစ္စလာမ်ဂိုဏ်းဝင် လွှတ်တော်အမတ် အာမက် အယ်လ်ဝါနီကို အကြမ်းပတမ်း ဖမ်းဆီးလိုက်တဲ့အတွက် ဆွန်နီဂိုဏ်းဝင် အများစု လွှမ်းမိုးတဲ့ သူရဲ့ ဇာတိ အန်ဘာခရိုင်မှာ တင်းမာမှုတွေ မြင့်တက်နိုင်ဖွယ် ရှိပါတယ်။
အဲဒီခရိုင်ထဲမှာ ဆွန်နီဂိုဏ်းဝင်တွေက သူတို့ကို ၀န်ကြီးချုပ် နူးရ်ရီ အယ်လ်မာလကီ အစိုးရက လျစ်လျူရှု့ထားတယ်ဆိုပြီး ဆန္ဒပြနေကြတာ ကြာနေပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က လွှတ်တော်အမတ်ကို စစ်သားတွေက ဖမ်းတဲ့အချိန်မှာ သက်တော်စောင့်အဖွဲ့နဲ့ အပြန်အလှန် သေနတ်ပစ်ခတ်တာတွေ ၂ နာရီကြာအောင် ဖြစ်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
လွှတ်တော်အမတ် အယ်လ်ဝါနီကို အကြမ်းဖက်သမားဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ရာမဒီမြို့က သူအိမ်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသူတွေထဲမှာ အယ်လ်ဝါနီရဲ့ သက်တော်စောင့် ၃ ယောက်၊ ညီမနဲ့ ညီတို့လည်း ပါဝင်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
