ဘရာဇီးတွင် မိုးခေါင်သဖြင့် ဆည်များ ရေခမ်း

ကမ္ဘာ့စိုက်ပျိုးရေး စူပါအင်အားကြီးနိုင်ငံ ဘရာဇီးမှာ ရာစုနှစ်တခုအတွင်း အဆိုးဆုံး မိုးခေါင်နေလို့ ဆည်တွေ ရေခမ်းကုန်ပါတယ်။

မိုးမရွာလို့ လယ်သမားတွေ ထိခိုက်ခဲ့ပြီး ကုန်ကျစရိတ် ပိုများတဲ့ အပူငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို အားကိုးနေရလို့ စီးပွားရေး ထိခိုက်သလို ငွေကြေး ဖောင်းပွခဲ့ပါတယ်။

ရေအားလျှပ်စစ် ဓာတ်အားပေးနေတဲ့ ဆည်တွေရဲ့ တမံတွေထဲမှာ ရေနည်းနေလို့ ပြည်သူတွေ လျှပ်စစ်ဓာတ်အားကို လျှော့သုံးကြဖို့ အစိုးရက အားပေးနေပါတယ်။

ဒါပေမယ့် လျှပ်စစ်ဓာတ်အားကို အချိုးကျပေးတဲ့ စနစ်ကိုတော့ မသုံးရသေးပေမဲ့ ဆောင်ပါလို ပြည်နယ်က ရေဖြန့်ဖြူးရေးစနစ်မှာ ရေက ၂၉ ရာခိုင်နှုန်းသာ ကျန်ပါတော့တယ်။

ဒါဟာ ကျန်ခဲ့တဲ့ ငါးနှစ်မှတ်တမ်းအရ ရေထုထည် အနည်းဆုံးလို့ ဆောင်ပါလိုပြည်နယ် Basic Sanitation ကုမ္ပဏီရဲ့ နေ့စဉ်ထုတ် သတင်းလွှာမှာ ဖော်ပြထားပါတယ်။

ဒီရေအရင်းအမြစ်ဟာ ပြည်နယ်သား အယောက် ၇ ဒသမ ၂ သန်းအတွက် ရေဖြန့်ဖြူးနေတာပါ. အမေဇုံဒေသမှာ မိုးခေါင်တာဟာ ကမ္ဘာကြီးက ရာသီဥတုအရေးကို ကိုင်တွယ်ရေး အရေးယူ ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆိုနေတဲ့ သတိပေးချက်အဖြစ် မှတ်ယူသင့်တယ်လို့ ဂရင်းပိစ် အဖွဲ့ကြီးရဲ့ ရာသီဥတုနဲ့ တရားရေး ပြောခွင့်ရ ပါမယ်လာ ဂိုပီက ပြောခဲ့ပါတယ်။

More News
Up