မန္တလေးမြို့တွင် အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုဖြစ်





3K
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း၊ ၁၀၂-A လမ်းနဲ့ ၁၀၇ လမ်းကြားရှိ အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်တစ်ခု အောက်တိုဘာ ၁၀ ရက် မနက် ၇ နာရီက မီးလောင်မှု ဖြစ်ပါတယ်။
မီးလောင်မှုဖြစ်တာဟာ မျိုးသိန်း အီလက်ထရောနစ်ပစ္စည်းအရောင်းဆိုင် ဖြစ်ပြီး ပထမထပ်၊ အခန်းအတွင်းရှိ တီဗီနောက်မှာ တပ်ဆင်ထားတဲ့ မီးပလပ်ခုံ အပူလွန်ကဲရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်မှုကြောင့် ပထမထပ်အတွင်းရှိ လျှပ်စစ်ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပြီး ကျပ်သိန်း ၁၀၀ နီးပါး တန်ကြေးရှိတယ်လို့ မီးသတ်ဦးစီးဌာန ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။