နောင်မွန်မြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်သင်တန်းစပေး

ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်၊ မကွေဇတပ်စခန်းမှာ အောက်တိုဘာ ၉ ရက်ကစပြီး စစ်ကောင်စီက KIAနဲ့ PDF တွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့  ပြည်သူ့စစ်သင်တန်းကို စပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ 

နောင်မွန်ဒေသခံ တစ်ဦးက “ပြည်သူ့စစ်သင်တန်းက ဒီနေ့ (စနေနေ့) ကစတာပါ။ သင်တန်းတက်သူတွေကို ဒေ‌သခံလူကြီးပိုင်းက KIAနဲ့ PDF တွေဟာ ပူတာအိုဒေသခံ လူကြီးတချို့ကို သတ်ဖို့ပြင်ဆင်နေပြီဖြစ်လို့ သူတို့ ရန်ကနေ ကာကွယ်ဖို့ဆိုပြီး စည်းရုံးထားတာ။  KIA ကို တိုက်ဖို့  စစ်သင်တန်းတက်နေကြတယ်။”လို့ ပြောပါတယ်။ 

နောင်မွန်ဒေသမှာ အင်တာနက်လိုင်းလည်း မရှိတာကြောင့်  ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းပြောသမျှ အဟုတ်ထင်ပြီး သင်တန်းတက်နေတာကြောင့် မကြာခင် ဒေသခံအချင်းချင်း တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ပူတာအိုဒေသခံက ‌ပြောပါတယ်။

ပူတာအိုခရိုင်အတွင်း စက်တင်ဘာလကစတင်ပြီး ပြည်သူ့စစ်သင်တန်းဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်ခဲ့ပေမဲ့ သင်တန်းတက်မယ့်သူ မရှိလို့ ရက်ရွှေ့ခဲ့ရပြီးနောက် နယ်လုံ၀န်ကြီးရဲ့ ပူတာအိုခရီးစဉ်ပြီးတဲ့နောက် မကွေဇမှာ ပြည်သူ့စစ်သင်တန်းကို ဖွင့်လှစ်နေတာပါ။

ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့ဟာ KIAကို တိုက်ထုတ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တဲ့ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပါတယ်။

More News
Up