Saturday, June 3, 2023
HomeLead Storyကမမောင်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ကမမောင်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကမမောင်းမြို့မှာ အောက်တိုဘာ ၉ ရက်  မနက်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းအောင်ကို  အမည်မသိသူ သေနတ်သမား နှစ်ယောက်က သေနတ်နဲ့   ၄ ချက် ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဦးသန်းအောင်က အရင်က ရာအိမ်မှူးပါ၊ အုပ်ချုပ်ရေးမှူးကို စကစက ဖြုတ်ပြီး ဦးသန်းအောင်ကို အုပ်ချုပ်ရေးမှူးခန့်လိုက်တယ်။ မနက် ၈ နာရီလောက်  စျေးကပြန်လာတော့ သူ့အိမ်ရှေ့မှာ သေနတ်နဲ့ ဆိုင်ကယ်ပေါ်က ပစ်သွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေနတ်သမားနှစ်ယောက်ဟာ  ပစ်ခတ်အပြီး ဆိုင်ကယ်နဲ့ မောင်းထွက်သွားတာဖြစ်လို့ ပတ်ဝန်းကျင်ကသူတွေလည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိလိုက်ရဘူးလို့လည်း ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက်  အခင်းဖြစ်ရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စုံစမ်းမေးမြန်းနေပါတယ်။ 

ကမမောင်းမြို့ပေါ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခံရတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular