Live
Home
မြန်မာသတင်း
ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပေါင်းစည်းရေး အကောင်အထည်ဖော်မည်ဟု တရုတ်သမ္မတ ကတိပြု
DVB
·
October 9, 2021

တရုတ်သမ္မတရှီကျင့်ဖျင်ဟာ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းတဲ့ ပြန်လည်ပေါင်းစည်းရေးကို အကောင်အထည်ဖော်မယ်လို့ အောက်တိုဘာ ၉ ရက်က ကတိပြု ပြောကြားသွားပါတယ်။ 

ဒါပေမဲ့လည်း နိုင်ငံတကာရဲ့ စိုးရိမ်မှုကိုဖြစ်စေတဲ့ တရုတ်ပိုင်လို့ အခိုင်အမာ ငြင်းဆိုနေတဲ့ ထိုင်ဝမ်ကျွန်းကိစ္စမှာ တပတ်ကြာလောက် တင်းမာမှုတွေ ဖြစ်သွားပြီးနောက်မှာ အင်အားသုံးစွဲမှုကိုတော့ တိုက်ရိုက်ဖော်ပြခြင်း မရှိပါဘူး။

သမ္မတရှီက ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးမှာ ကျင်းပတဲ့ ၁၉၁၁ ခုနှစ်က နောက်ဆုံးဧကရာဇ် မင်းဆက်ကို ဖြုတ်ချခဲ့တဲ့ တော်လှန်ရေး နှစ်ပတ်လည်နေ့မှာ “ဒီမိုကရေစီ နည်းလမ်းတကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူ့ရဲ့အချုပ်အခြာအာဏာကို လက်ခံဖို့ ပေကျင်းရဲ့ စစ်ရေးနဲ့ နိုင်ငံရေးဖိအားတွေအောက်မှာ ရှိပေမဲ့ ထိုင်ပေကတော့ သူတို့ရဲ့လွတ်လပ်မှုကို ခုခံကာကွယ်ဖို့ ကတိပြုထားပြီး ထိုင်ဝမ်ပြည်သူတွေကသာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်ပါတယ်။ ထိုင်ဝမ် လွတ်လပ်ရေးဟာ အမိမြေ ပြန်လည်ပေါင်းစည်းရေးအတွက် အကြီးမားဆုံး အတားအဆီးဖြစ်ပြီး အမျိုးသားပြန်လည်ရှင်သန်မှုအတွက် အနက်ရှိုင်းဆုံး ဖုံးကွယ်ထားတဲ့ အန္တရာယ်တခုဖြစ်တယ်” လို့ ပြောကြားသွားခဲ့တာပါ။

ရှီဟာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး တရားဝင်လွတ်လပ်ရေး ကြိုးပမ်းမှုမှန်သမျှကို ချေမှုန်းမယ်လို့ ကတိပြုထားတဲ့ သူ့ရဲ့ဇူလိုင်လတုန်းက နောက်ဆုံးမိန့်ခွန်း ပြောခဲ့တုန်းကထက် အနည်းငယ် ပျော့ပျောင်းသွားပါတယ်။

၂၀၁၉ ခုနှစ်တုန်းက သူဟာ ပေကျင်းရဲ့ ထိန်းချုပ်မှုအောက်ရှိ ထိုင်ဝမ်ကျွန်းကို ယူဖို့ အင်အားသုံးမယ်လို့ တိုက်ရိုက်ခြိမ်းခြောက်ခဲ့ပါတယ်။

တရုတ်လေတပ်ဟာ အောက်တိုဘာ ၁ ရက်ကစပြီး လေယာဉ်အစီး ၅၀ လောက်နဲ့ ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေး အမှတ်အသားဇုန်ထဲကို ၄ ရက်ဆက်တိုက် ကျူးကျော်ပျံသန်းခဲ့ပေမဲ့ ရှီက ဒီပျံသန်းမှုတွေအကြောင်းကို လုံးဝထည့်မပြောသွားပါဘူး။

ထိုင်ဝမ်က သူ့နိုင်ငံရဲ့တရားဝင်နာမည်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံလို့ ခေါ်တဲ့ လွတ်လပ်တဲ့နိုင်ငံ လို့ ပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၁၂ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ဒီကနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကို အုပ်စိုးနေတဲ့ ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်မှာ ရှုံးပြီးနောက်မှာ အစိုးရက ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ကို ထွက်ပြေးခဲ့တာပါ။

ထိုင်ဝမ်ဟာ တရုတ်နိုင်ငံမှာ ဘုရင်စနစ်ကို စတင်တော်လှန်ခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားပြီး အဲဒီနေ့မှာ ထိုင်ဝမ်သမ္မတ ဆိုင်းအန်ဝန်ဟာ တိုင်ပေမှာ အရေးကြီးမိန့်ခွန်းပြောဖို့ ရှိပါတယ်။ 

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024