Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် အုပ်ချုပ်ရေးမှူးလင်မယား ပစ်သတ်ခံရ
DVB
·
October 9, 2021
243479813_1193601754467166_1840119929335340267_n
0000

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေးပါတီဝင်လည်း ဖြစ်တဲ့ ဦးမြင့်အေးနဲ့ ဇနီးဖြစ်သူတို့ အောက်တိုဘာ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်က ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “သူတို့အလုပ်သမားတွေရှိတဲ့ တောထဲက တဲကို သွားကြရင်း လမ်းမှာ အပစ်ခံရတာ။ ဦးမြင့်အေးက ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးလည်း လုပ်နေတာ။ သူက စစ်နဲ့ရဲကိုတော့ အပိုင်ပဲ။ ဒလန်သတင်းပေးပေါ့ဗျာ” လို့ ပြောပါတယ်။

ဦးမြင့်အေးတို့ လင်မယားပစ်သတ်ခံရတာနဲ့ပတ်သက်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ကျနော်တို့ ရဲဘော်တွေ လုံခြုံတဲ့နေရာ မရောက်သေးတဲ့အတွက် ဖြေလို့ မရသေးပါဘူး” လို့ ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်အေးဟာ နေရာမှာပဲ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူကတော့ ဒီကနေ့မနက်ပိုင်းကမှ သေဆုံးသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024