Home
သုံးသပျခကျြ
၁ နှစ်အတွင်း မီဒီယာအခန်းကဏ္ဍ - အမြင်သဘောထား
မျိုးဇော်လင်း
·
December 28, 2013

၂၀၁၃ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၄ နှစ်သစ်တခု အစပြုခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ထဲ မြန်မာနိုင်ငံရဲ့ မီဒီယာအခန်းကဏ္ဍမှာ အပြောင်းအလဲတွေ ရှိပြီး အရင်နှစ်တွေနဲ့ ယှဉ်ရင် ရေးသား ပြောဆိုခွင့်တွေ ရလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာတွေ လွတ်လပ်စွာ ရေးသား ထုတ်ဝေပြောဆိုနိုင်ရေးမှာ စာနယ်ဇင်းသမားတွေနဲ့ သတင်းထောက်တွေ ဘယ်လောက်အထိ လွတ်လပ်စွာ ရေးသား ပြောဆိုလို့ ရနေပြီလဲ၊ ဒီဗွီဘီပရိသတ်တွ သိရအောင် စာရေးဆရာကြီးတွေ၊ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေရဲ့ ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတာတွေကို စုစည်း တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလောကထဲမှာ နှစ်ပေါင်း ၄၀ ကျော်လောက် တွေကြုံ လှုပ်ရှားနေတဲ့ ရှေ့မီနောက်မီ သတင်းသမား၊ အခု ရွှေနိုင်ငံသတင်းစာရဲ့ အယ်ဒီတာချုပ် ဖိုးသောကြာ (ခေတ်+မိုး) ကတော့ အစိုးရက စာနယ်ဇင်းသမားတွေကို ထပ်ပြီး ဖြည့်ဆည်းပေးဖို့ လိုတယ်လို့ ပြောပါတယ်။

phoe taugh kyar copy“မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ အလွန်အကျွံရရင် ၉၀ ရာခိုင်နှုန်းပဲ။ အစိုးရက ဒီထက်ဖြည့်ဆည်းပေးဖို့ လိုအပ်မယ်။ ဒီမိုကရေစီ ရောက်အောင်သွားတဲ့နေရာမှာ စာနယ်ဇင်းတွေရဲ့အားသည် ပါးစပ်ကနေပြီးတော့ စတုတ္ထမဏ္ဍိုင်၊ စတုတ္ထမဏ္ဍိုင် ဆိုပြီး ပြောရုံနဲ့တော့ မဖြစ်ဘူး။ တကယ် စတုတ္ထမဏ္ဍိုင် ဖြစ်အောင် စာနယ်ဇင်းသမားတွေကလည်း ကိုယ့်ကျင့်ဝတ်နဲ့အညီ၊ ကိုယ့်သိက္ခာနဲ့အညီ ကြိုးစားအားထုတ်ဖို့ လိုသလို အဲဒီလို ကြိုးစား အားထုတ်မှုကိုလည်း အစိုးရက ယုံယုံကြည်ကြည်နဲ့ အားပေးထောက်ခံပြီးတော့ ပိုကောင်းအောင်၊ ကျင့်ဝတ်နဲ့အညီ ရေးသားထုတ်ဝေတဲ့ စာနယ်ဇင်းတွေ ဖြစ်အောင် အစိုးရကိုယ်နှိုက်ကလည်း အားပေးဖို့ အသိအမှတ်ပြုဖို့ လိုတယ်။ အထူးသဖြင့်  အစိုးရရဲ့ အားပေးမှုဟာ သတင်းစာတွေအပေါ်မှာ မယုံကြည်သေးတဲ့ သက်ရောက်မှုသဘော ရှိတယ်။”

ဆဲဗင်းဒေးသတင်းစာရဲ့သတင်းထောက်ချုပ်ဖြစ်သူ ဦးအောင်သူရကတော့ ၂၀၁၃ ခုနှစ်ထဲမှာ သတင်းထောက်တွေအနေနဲ့ လွတ်လွတ်လပ်လပ် ရေးခွင့်တော့ရပေမယ့် တကယ် လွတ်လပ်ခွင့်ရခဲ့လားဆိုတာကို မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ပြောပါတယ်။

aung thu ra copy“ဒီနှစ်မှာတော့ လွတ်လွတ်လပ်လပ် ရေးခွင့်တော့ ရပါတယ်။ တကယ် လွတ်လပ်လား ဆိုတာတော့ ကျနော်တို့အနေနဲ့ မေးခွန်းထုတ်စရာလေးတွေတော့ ရှိပါတယ်။ တကယ်လည်း မလွတ်လပ်သေးဘူးလို့ ပြောလို့ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ ဥပဒေတွေက အတည်မပြုနိုင်သေးဘူး။ နောက်ပြီး ၆၂ ဥပဒေက မဖျက်ပစ်ရသေးဘူး။ အဲဒီတော့ ကျနော်တို့ဟာ လွတ်လွတ်လပ်လပ် ရေးခွင့်တော့ ရပေးမယ့်လည်း တကယ် လွတ်လပ်လား ဆိုတော့ မလွတ်လပ်သေးဘူးလို့ ပြောလို့ရမှာပေါနော်။ ပုံနှိပ်မီဒီယာ ဥပဒေကိုတော့ လွှတ်တော်ထဲမှာ သတင်းထောက်တွေ လိုချင်တဲ့ အချက်တွေ တော်တော်များများနဲ့တော့ ရေးဆွဲခဲ့တာတော့ ရှိတာပေါ့။ အခုနှစ်ကုန်ပိုင်းမှာဆိုရင်လည်း လွိုင်ကော်က သတင်းထောက် အမျိုးသမီး ထောင်ချခံရတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ လွတ်လပ်မှု မရှိသေးဘူးလို့ ပြောလို့ရသေးတာပေါ့။”

 ဒီနှစ်ထဲမှာ သတင်းထောက်တွေ တာဝန်ကျေပြီး သက်ဆိုက်ရာ နယ်ပယ်အသီးသီးက တာဝန်ရှိသူတွေအနေနဲ့ သတင်းထောက်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး သိရှိနားလည်မှုရှိဖို့ လိုသေးတယ်လို့ အလဲဗင်းသတင်းစာရဲ့အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောပါတယ်။

way phyo copy“အရင်ထက်စာရင် သတင်းမီဒီယာတွေနဲ့ ပတ်သတ်ပြီး အခုနှစ်မှာ ပိုပြီး ရေးသားလာ နိုင်တာကို တွေ့ရတယ်။ ပိတ်ဆို့ထားတာတွေ၊ ဟန့်တားထားတာတွေထက်စာရင် ပိုပြီးတော့ ရေးနိုင်လာတာကို တွေ့ရပါမယ်။ ဥပဒေရေးရာနဲ့ ပတ်သတ်လို့ တချို့ကိစ္စရပ်တွေက ဝေဖန်စရာလေးတွေ ရှိနေတယ်။ ဂျာနယ်လစ်တွေအနေနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာနိုင်မှု၊ မိမိ ရဲ့လုပ်ငန်းတွေအပေါ်မှာ တာဝန်ကျေပွန်စွာနဲ့ အများပြည်သူဘက်က ရပ်တည်မှုတွေက ပိုပြီးတော့ တိုးတက်လာတာ မြင်ရပါတယ်။ မီဒီယာတွေ တာဝန်ပိုကျေလာတာပေါ့။ ဂျာနယ်လစ်တွေအနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိတယ်။ အဲဒီလိုပဲ ဂျာနယ်လစ်တွေရဲ့ အခွင်အရေးနဲ့ ပတ်သတ်ရင်တော့ ကျန်တဲ့ နယ်ပယ်အသီးသီးကလူတွေက သိရှိနားလည်မှုရှိဖို့ လိုတယ်။”

ရန်ကုန်တိုင်း(မ်)သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကိုကိုကတော့ ဒီနှစ် မီဒီယာ အခန်းကဏ္ဍမှာ ဌာနဆိုင်ရာတွေကနေ သတင်းရယူပိုင်ခွင့်တွေ အားနည်းနေသေးတယ်လို့ ဆိုပါတယ်။

u ko ko“သတင်းရေးသားခွင့် ကတော့ တော်တော်လေး ရတယ်။ သတင်းအချက်အလက်တွေ ရယူတဲ့နေရာမှာတော့ အားနည်းတုန်းပဲဆိုတာ တွေ့တယ်။ အထူးသဖြင့် ဝန်ကြီးဌာနတွေနဲ့ သတင်းရယူတဲ့နေရာမှာ ပြောင်းလဲမှု၊ တိုးတက်မှု ထူးထူးခြားခြား မရှိပါဘူး။ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များ ခန့်ထားသော်ငြားလည်းပဲ အဲဒီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များနဲ့ ဝန်ကြီးဌာနရဲ့ဖုန်းတွေက တကယ်တမ်းတော့ သတင်းသမားတွေနဲ့ ဆက်သွယ်တဲ့ အခါမှာ တော်တော်များများ အများစုက နာမည်သာ ရှိပြီး ကျနော်တို့နဲ့ ပူးပေါင်းဆက်သွယ်မှု မပြုတဲ့အတွက် သတင်းရင်းမြစ်ပိုင်းဆိုင်ရာမှာ အားနည်းတယ်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ တွေမှာလည်း ပရင့်မီဒီယာလောကမှာ ငြင်းခုန်ကြရတဲ့အနေအထား ဖြစ်လာတယ်။ ဘယ်လောက်ထိ လွတ်လပ်စွာ ရေးသားခွင့် ရှိမလဲ၊ လွတ်လပ်စွာ ရေးသားခွင့်ဆိုတာ ဘာကိုဆိုသလဲ၊ လွတ်လပ်စွာရေးသားခွင့်နဲ့ တာဝန်ယူမှုအပိုင်းကို ဘယ်လိုသွားမလဲဆိုတဲ့ မေးခွန်းတွေကို မီဒီယာသမား အချင်းချင်း မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်။”

အလားတူ ၂၀၁၃ ခုနှစ်ရဲ့ မီဒီယာအခန်းကဏ္ဍတွေမှာ ဥပဒေတွေ မရှိတဲ့အတွက် အားနည်းချက်တွေ ရှိခဲ့သော်လည်း လာမည့်နှစ်၂၀၁၄ မှာ မြန်မာနိုင်ငံရဲ့ မီဒီယာဥပဒေတွေနဲ့ စာနယ်ဇင်းသမားတွေ လုပ်နိုင်၊ မလုပ်နိုင် စောင့်ကြည့်ပြီး စိတ်ဝင်စားစရာပဲလို့ ရုပ်သံလွှင့် မီဒီယာတခု ဖြစ်တဲ့ စကိုင်းနက်အယ်ဒီတာချုပ် ဦးရဲမင်းဦးက ပြောပါတယ်။

 ye min oo“Media Friendly Society ပေါ့နော်။ မီဒီယာကို မကြောက်တဲ့၊ မီဒီယာကို ရင်းနှီး ကျွမ်းဝင်တဲ့၊ မီဒီယာကို အသုံးချနိုင်တဲ့၊ Institution တွေ ဖြစ်လာဖို့ အဲဒါကို လုပ်ပေးရမယ်။ လိုအပ်ရင် ဥပဒေတွေ၊ ညွှန်ကြားချက်တွေနဲ့ ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ပိုကောင်းလာမယ်။ သတင်းမီဒီယာသမားတွေကလည်း Institution တွေအပေါ်မှာ အပြန်အလှန် လေးစားမှု ရှိဖို့ လိုလိမ့်မယ်။ ၂၀၁၄ မှာ လုပ်နိုင် မလုပ်နိုင်၊ လုပ်ချင်စိတ်ရှိ၊ မရှိဆိုတာတွေကတော့ စိတ်ဝင်စားစရာပဲ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024