ပုလဲနှင့် ဆားလင်းကြီးမြို့နယ်ကြား၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ထဲက ပုလဲနဲ့ဆားလင်းကြီးမြို့နယ် ၂ ခုကြားမှာ အောက်တိုဘာ ၈ ရက် မနက် ၉ နာရီလောက်က ဒေသခံပြည်သူ့ကာကွယ်ရေးညီနောင်တပ်ပေါင်းစု နဲ့ စစ်ကောင်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။ 

"တိုက်ပွဲဖြစ်တာက ပုလဲ PPDFနဲ့ ဒေသခံညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားတာ။ ကျနော်တို့ဘက်က အကျဆုံးမရှိဘူး။ စစ်ကောင်စီဘက်က ၅ ဦး ထက်မနည်းကျဆုံးနိုင်တယ်။” 

စစ်အာဏာရှင်ကို တော်လှန်ရေးလုပ်ရာမှာ အလျဉ်းသင့်သလို လုပ်ရတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသကိုလည်း  အားနာတယ်လို့ ဗိုလ်နဂါးက ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တင်းမာနေပြီး ဒေသခံတွေကတော့ အခုလို တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာတွေကို ဝင်ရောက်ဖမ်းဆီးရှာဖွေတာတွေ ပြုလုပ်မှာ ကြောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

More News
Up