Wednesday, May 31, 2023
HomeLead Storyတန့်ဆည်မြို့တွင် အောက်ဆီဂျင်နှင့်လျှပ်စစ်ပစ္စည်းဆိုင်ရှင် သေနတ်ဖြင့် ပစ်သတ်ခံရ

တန့်ဆည်မြို့တွင် အောက်ဆီဂျင်နှင့်လျှပ်စစ်ပစ္စည်းဆိုင်ရှင် သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ အောက်တိုဘာ ၈ ရက် မနက် ၆ နာရီလောက်က ထူးတော်ဝင် အောက်ဆီဂျင်အိုးနဲ့ လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်  ဦးကျော်ဝင်းကို  အမည်မသိ အရပ်ဝတ် လက်နက်ကိုင်တွေက လာရောက်ပစ်ခတ် သတ်ဖြတ်သွားပါတယ်။

“သူက ပရဟိတ သမားဗျ။ ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင်အခက်အခဲကို သူက အကျိုးဆောင်ဖြေရှင်းပေးနေတာ။ တန့်ဆည်အောက်ဆီဂျင်ရရှိရေး သူအလုပ်လုပ်ပေးတာတွေ ရှိတယ်။ ဘယ်သူကဘာကြောင့် ပစ်သတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ် စစ်ဆေးမှုတွေ များပြားတဲ့ကြားက ဦးကျော်ဝင်းကို သေနတ်သမားတွေက ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဟာ ထူးတော်ဝင် ဆိုင်ပတ်ပတ်လည်မှာ နေရာယူပြီး မြို့ဝင်စစ်ဆေးမှုတွေကိုလည်း အရင်ကထက် တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular