မန္တလေး – ပြင်ဦးလွင် ရထားသံလမ်း တံတား ဒုတိယအကြိမ် ဖောက်ခွဲခံရ

မန္တလေးမြို့တိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်း နဲ့ ၅၈ လမ်းကြား၊ ၁၁၅ လမ်း နဲ့ ၁၁၆ လမ်း အနီးက မန္တလေး - ပြင်ဦးလွင် ရထားသံလမ်းတံတား အောက်တိုဘာလ ၈ ရက် မနက် ၇ နာရီကျော်က  ဒုတိယအကြိမ် ဖောက်ခွဲခံခဲ့ရပါတယ်။

ဖောက်ခွဲမှုကြောင့်  သံလမ်းပျက်စီးသွားပြီး လူထိခိုက် ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ အနီးပတ်ဝန်းကျင်ရှိ ဒေသခံတစ်ဦး က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေရောက်လာပြီး ပေါက်ကွဲမှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ ရှာဖွေခဲ့ပါတယ်။

စက်တင်ဘာလ ၂၈ ရက်ကလည်း  အဆိုပါနေရာမှာ  ပထမအကြိမ် ဖောက်ခွဲခံရရပြီး  မန္တလေး - ပြင်ဦးလွင် ရထားသံလမ်း တံတားပျက်စီးသွားပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

More News
Up