ဝက်လက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၆ ဦးနှင့် ရပ်ကျေးစာရေး ၂ ဦး အလုပ်ထွက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၁ ရက်ကစပြီး ၇ ရက်အထိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၆ ဦး၊ ရပ်/ကျေးစာရေး ၂ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ အလုပ်တာဝန်ကနေ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနဲ့ ရာအိမ်မှူးတို့ဟာ သူတို့ရဲ့သဘောဆန္ဒအလျောက် နုတ်ထွက်ကြတာဖြစ်ပြီး ကျန်းမာရေးနဲ့ တခြားအခက်အခဲတွေကြောင့်လို့ နုတ်ထွက်စာမှာဆို ထားပါတယ်။

ဝက်လက်မြို့နယ်က ဖေါင်းဒိုင်း ဖေါင်းဒိုင်းအဖွဲ့ကတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပတ်သက်တဲ့ လူပုဂ္ဂိုလ်‌တွေအားလုံး အောက်တိုဘာ ၁ ရက် နောက်ဆုံးထားနုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၃ ရက်က ခုလို နုတ်မထွက်ဘဲ ဆက်ပြီးတာဝန်ထမ်းဆောင်နေတဲ့  ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် ရုံးပင်ကုန်းအုပ်ချုပ်ရေးမှူးလည်းဖြစ်သူကိုတော့ သုတ်သင်ရှင်းလင်း လိုက်တယ်လို့ သိရပါတယ်။

More News
Up