မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

မင်းကင်းမြို့နယ် လောင်းပြည့်ရွာနဲ့ သံပေါက်ရွာကြားမှာ ဒီနေ့မနက် ၈ နာရီလောက်က စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ်တွေနဲ့  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်ပိုင်းက အနောက်တောရွာ၊ ဘင်ရွာ၊ ညောင်ပင်သာရွာ၊ အုန္နဲဘုတ်ရွာ‌တွေကို မွှေနှောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ 

“အဲရွာတွေမွေပြီး သင်တောကျေးရွာကနေ ချင်းတွင်းမြစ် အရှေ့ကမ်း လောင်းပြည့်ရွာဘက်ကို ကူးလာတယ်။ အဲရွာကနေ သံပေါက်ရွာဘက်ထွက်လာတဲ့အချိန် ကျနော်တို့ မိုင်ထောင်ထားတဲ့နေရာ ရောက်လာတော့ မိုင်းဆွဲလိုက်တာ ၈ ဦးကတော့ မြှောက်တက်သွားတယ်ဗျ။ ကျန်တာကတော့ ဒဏ်ရာရလိမ့်မယ်ထင်တယ်ဗျ။ အနည်းဆုံးကတော့ ၁၄ ဦးလောက်တော့ သေဆုံးမယ်လို့တော့ ထင်တယ်ဗျ။ ကျနော်တို့ဘက်က‌တော့ အကျဆုံးက‌ လောလောဆယ်မရှိ‌သေးဘူး။” 

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူပေါင်းတပ်တွေဟာ နေ့စဉ်လိုလို ကျေးရွာတွေအတွင်း ဝင်ရောက်ဆက်ကြေးတောင်းယူနေတာတွေ ပြုလုပ်နေပြီး သူတို့တောင်းဆိုတာမရပါက အပြစ်မဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီးနေကြတယ်လို့ ဒေသခံကျေးရွာသားတွေဆီက သိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မင်းကင်းမြို့နယ်ဟာ ပြီးခဲ့တဲ့‌ အောက်တိုဘာလပိုင်းကတည်းက အင်တာနက်လိုင်း အဖြတ်ခံထားရပါတယ်။

More News
Up