DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီး
DVB
·
December 27, 2013
မယ်လဒုက္ခသည်စခန်းတွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီး
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ နီးပါး အကွာအဝေးရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားတဲ့အတွက် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်။

[caption id="attachment_49247" align="alignright" width="300"]မီးလောင်ပြီး မြင်တွေ့ရစဉ် မီးလောင်ပြီး မြင်တွေ့ရစဉ်[/caption]ဒီနေ့ နေ့လယ် ၂ နာရီက မယ်လဒုက္ခသည်စခန်း ဇုန်စီ ၃ မှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်ခြေ ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး မီးကူးမှာကို စိုးရိမ်တဲ့အတွက် ဖျက်ရတဲ့ အိမ် ၄၀ လောက်ရှိတယ်လို့ စခန်းအတွင်းရေးမှူး ၂ နော်ဒေးဒေးဖိုး က ပြောပါတယ်။

“စလောင်တာက ရပ်ကွက်ထဲက ဘော်ဒါဆောင် တခုကနေလို့ ကြားတယ်။ မီးလောင်တဲ့ အိမ်က ၁၂၀ လောက်ရှိတယ်။ အဲဒါအပြင် အမိုးတွေဖျက်ပစ်လိုက်တဲ့ အိမ်တချို့ရှိသေးတယ်။ မီးလောင်တဲ့ အနီးအနားတ၀ိုက်က ဖျက်ဆီးလိုက်တဲ့ အိမ်တွေက ၃၀၊ ၄၀ လောက်ရှိတယ်။ ထိခိုက် ဒဏ်ရာက ၂ ယောက် ကလေးတယောက် လူကြီးတယောက်ပါ။”

၂ နာရီလောက်မှာ မီးစလောင်ပြီး ၃ နာရီခွဲလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ကလေး တဦးနဲ့ လူကြီးတဦး ထိခိုက်ဒဏ်ရာရရှိပြီး လူကြီးဖြစ်သူဟာ ဒဏ်ရာအနည်းငယ်ပြင်းတဲ့အတွက် မယ်လဆေးရုံမှာ ဆေးကုသ ခံယူနေရတယ်လို့ ပြောပါတယ်။

မီးသတ်ကား ၆ စီးလောက် လာရောက် မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သွားရောက် ကူညီခဲ့တဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။

နေအိမ်တွေ မီးလောင်ပျက်စီးသွားသူတွေဟာ နီးစပ်ရာ အသိမိတ်ဆွေအိမ်မှာ ခိုလှုံနေကြတယ်လို့ နော်ဒေးဒေးဖိုးက ပြောပါတယ်။ ဆောင်းရာသီဖြစ်တာကြောင့် အစားအသောက်အပါအ၀င် စောင်၊ အနွေးထည် အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ဧပြီလကလည်း ဇုန်စီ ၁ မှာရှိတဲ့ ကျမ်းစာသင်ကျောင်း မီးလောင်ခဲ့လို့ ကျောင်းသုံးပစ္စည်းတွေအပါအ၀င် စာနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ မယ်လဒုက္ခသည်စခန်းမှာ လူဦးရေ ၅ သောင်းဝန်းကျင် ခိုလှုံနေထိုင်ပါတယ်။

အလားတူ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လို့ လူနေအိမ် ၃၀၀၀ ကျော် ပျက်စီးပြီး ဒုက္ခသည် သောင်းချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013