DVB Logo
Home
မြန်မာသတင်း
အိုးအိမ်ရှားပါးမှုက မြန်မာပြည် တိုးတက်မှုကို အဟန့်အတားဖြစ်
DVB
·
December 27, 2013
အိုးအိမ်ရှားပါးမှုက မြန်မာပြည် တိုးတက်မှုကို အဟန့်အတားဖြစ်
Donate to DVB

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးဝင်လာတာနဲ့အမျှ ရန်ကုန်မြို့မှာ ကောင်းမွန်တဲ့ နေစရာ အိုးအိမ်ရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံခြားက လာရောက်လုပ်ကိုင်နေတဲ့သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာ ၂ နှစ်နီးပါး ရှိနေပြီ ဖြစ်သလို နိုင်ငံခြား လုပ်ငန်းရှင်တွေလည်း ၀င်ရောက်လာပေမယ့် သင့်တော်တဲ့ အိုးအိမ် ရရှိဖို့ ရှာဖွေရာမှာ အခက်အခဲ ရှိနေတယ်လို့ နိုင်ငံခြား လုပ်ငန်းရှင်တွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားတာပါ။

City Viewမြန်မာပြည်မှာ အိမ်ဈေးနှုန်းတွေ မြင့်တက်ခဲ့သလို အိုးအိမ်ငှားခတွေကလည်း ထိုင်းနိုင်ငံ ဘန်ကောက်၊ ဗီယက်နမ် နိုင်ငံ ဟနွိုင်းနဲ့ တခါတရံမှာ စင်ကာပူထက် မြင့်နေတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်က ကော်လီယားစ် အင်တာနေရှင်နယ်က အမှုဆောင် ညွှန်ကြားရေးမှူး တိုနီပီကွန်ကတော့ ရရှိနိုင်တဲ့ အိုးအိမ်အရေအတွက်ဟာ မြင့်မားလာတဲ့ လိုအပ်ချက်ကို မထောက်ပံ့နိုင်ဘူးလို့ ပြောပါတယ်။

“ထိုင်းနိုင်ငံ ဖွင့်ပေးလိုက်တဲ့ အချိန်တုန်းက အနောက်နဲ့ ဂျပန်က ရင်းနှီးမြှုပ်နှံတဲ့သူတွေ ၀င်လာကြတယ်။ အခုတော့ စင်ကာပူ၊ မလေး၊ အင်ဒိုနဲ့ ထိုင်းတွေက မြန်မာရဲ့ ကဏ္ဍပေါင်းစုံကို ၀င်ရောက်နေပါတယ်။ ဒီတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍက ပိုကြီးလာသလို ခရီးသွားလုပ်ငန်းလည်း ကြီးလာပါတယ်။ စီးပွားရေး ကဏ္ဍပေါင်းစုံ အားကောင်းလာ သလိုပါပဲ။”

ခမ်းနားတဲ့ ဟိုတယ်၊ တိုက်ခန်းတွေနဲ့ နာမည်ကြီးတဲ့ ရှန်ဂရီလာအုပ်စုကတော့ ပရိဘောဂ အပြည့်အစုံပါတဲ့ အိမ်ခန်း ၂၄၀ လောက် ဖွင့်ထားပါတယ်။ အိပ်ခန်း ၃ ခန်းပါ အခန်းတခုကို ဒေါ်လာ ၇၀၀၀ ကနေ စတင်ပေမယ့် အခန်းအားလုံး ပြည့်နေပါတယ်။

Yoma Strategic ကုမ္ပဏီရဲ့ အိမ်ခြံမြေဌာနဆိုင်ရာ အမှုဆောင် ညွန်ကြားရေးမှူး ဆိုင်ရပ်စ်ပန်းကတော့ အိမ်ရာစီမံကိန်းတခု လုပ်ဆောင်ဖို့ စောင့်ကြည့်နေသလို လူအရင်းအမြစ်၊ အရင်းနှီး၊ ဈေးကွက်မှာ ယုံကြည်မှုနဲ့ ခိုင်မာတဲ့ ဥပဒေတွေမရှိတာက အခက်အခဲ အကန့် အသတ်တွေ ဖြစ်နေကြောင်း၊ ဒါပေမယ့် အနာဂတ်မှာ ကောင်းသွားမယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ အခုနှစ်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထက် ၃ ဆ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် အိမ်ခြံမြေတွေ မရှိတာဟာ နိုင်ငံကို စီးပွားရေးလုပ်ငန်းတွေ ဆက်လက် စီးဝင်လာရေးအတွက် အတားအဆီးဖြစ်နေမှာကိုလည်း အစိုးရက စိုးရိမ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013