မြိုင်မြို့နယ် စစ်အုပ်စုသတင်းပေးလမ်းပြ ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာမှာ အောက်တိုဘာ ၆ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ထွက်နေသူတဦး သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပိတောက်ကန်ရွာက စစ်ကောင်စီသတင်းပေးဒလန် ဌေးအောင်ဟာ ပိတောက်ကန်နဲ့ ညောင်ပင်သာရွာကြားမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

အသတ်ခံရတဲ့ ဌေးအောင်ဟာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ စစ်ကြောင်းတွေကို လမ်းပြလိုက်လုပ်ပေးသလို စစ်ကောင်စီနဲ့ပေါင်းပြီး ဒေသခံပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတာကြောင့် အသတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက် လင်းကတောရဲစခန်းက ရဲတွေရောက်လာပြီး ပိတောက်ကန်ရွာမှာ သေနတ် ၁၅ ချက်လောက်ပစ်ဖောက်ပြီး အလောင်းကို သယ်ယူသွားကာ လက်ယက်မ တိုက်နယ်ဆေးရုံကို ပြန်လာပို့သွားတယ်လို့ ပြောပါတယ်။

More News
Up