ခရမ်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၀ တာ၀န်မှ နုတ်ထွက်

13.9K
ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အယောက်၂၀ ဒီနေ့နုတ်ထွက်စာတင်ခဲ့ကြောင်း သိရပါတယ်။
ခရမ်းမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခရမ်း PDF က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ဖို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် ရပ်ကျေး အုပ်ချုပ်ရေးမှူး အယောက် ၂၀ တာ၀န်ကနေ နုတ်ထွက်ကြောင်း နုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။
နုတ်ထွက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ မြို့ပေါ် ၁၃ ရပ်ကွက်လုံးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာ ၇ ရွာရှိ အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပါတယ်။